မော်လမြိုင် မတ် ၅ မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေး၊ ဌာနဆိုင်ရာအသီးသီးတွင် လုပ်ငန်းတာဝန်များကို နေ့စဉ်ထမ်းဆောင်နေရသည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုများ ကျန်းမာကြံ့ခိုင်မှုရှိစေရန် စိတ်ပျော်ရွှင်မှုရရှိစေရန်၊ မိတ်ဆွေသင်္ဂဟများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာဘောလုံးအသင်းနှင့် မွန်အိုးစတား ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို မတ်လ ၄ရက်နေ့ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။…
admin
-
-
နောက်ဆုံးရသတင်းများ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင် တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (မော်လမြိုင်) တို့တွင် အခြေခံစားသောက်ကုန် ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည်ရှုအားပေး၊ မွန်ပြည်နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ (၁/၂ဝ၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
by adminမော်လမြိုင်၊ မတ် ၄ မွန်ပြည်နယ်အစိုးရအဖွဲ၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊မုန့်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မတ်လ ၄ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင် တက္ကသိုလ်တွင် ကိုယ်တိုင်…
-
နောက်ဆုံးရသတင်းများ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း-ဦးအောင်ကြည်သိန်း၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်
by adminမော်လမြိုင် မတ် ၃ မွန်ပြည်နယ်တွင် လူငယ်များကာယ၊ ညဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးစေရန်၊ အားကစားနည်းများကို အခြေခံကျနားလည်စေရန်၊ လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင်…
-
နောက်ဆုံးရသတင်းများ
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား တက်ရောက်
by adminမော်လမြိုင် မတ် ၂ ၂၀၂၅ ခုနှစ် မတ်လ ၂ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့အခမ်းအနားကို ယနေ့ နံနက် ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်အသီးသီးရှိ ရပ်ကွက်ကျေးရွာများမှ တောင်သူများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ အသင်းအဖွဲ့များ…
-
နောက်ဆုံးရသတင်းများ
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၅ – ခုနှစ် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား တက္ကသိုလ် ၊ ကောလိပ် ၊ သိပ္ပံ ၊ ကျောင်းများ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားနှင့် မော်လမြိုင်မြို့၊တောင်ရိုးတန်းလမ်းပေါ်ရှိ ဦးဇိနဘုရား အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကြည့်ရှုအားပေး
by adminမော်လမြိုင် မတ် ၁ ၂ဝ၂၅ – ခုနှစ် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား တက္ကသိုလ် ၊ ကောလိပ် ၊ သိပ္ပံ ၊ ကျောင်းများ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမည အားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊…
-
နောက်ဆုံးရသတင်းများ
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့် “အသည်းရောင်အသားဝါ ရောဂါ(စီ)ပိုး စစ်ဆေး၊ ကုသခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးဆွေးနွေးခြင်း အခမ်းအနားနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား ကိုဗစ်ကာကွယ်ဆေး (Pfizer)ထိုးနှံခြင်း” အခမ်းအနား တက်ရောက်
by adminမော်လမြိုင် ဖေဖော်ဝါရီ ၇ ၂၀၂၅ခုနှစ် ပြည်နယ်အဆင့် “အသည်းရောင်အသားဝါ ရောဂါ(စီ)ပိုး စစ်ဆေး၊ ကုသခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးဆွေးနွေးခြင်း အခမ်းအနားနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား ကိုဗစ်ကာကွယ်ဆေး (Pfizer)ထိုးနှံခြင်း” အခမ်းအနားကို ဖေဖော်ဝါရီ ၇ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်…
-
ကျိုက်ပေါလော မှဲ့ရှင်ရုပ်ပွားတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ရှိသည်။ ကျိုက်ပေါလောဘုရား၊ ရုပ်ရှင်တော်ဘုရား၊ မှဲ့ရှင်တော်ဘုရား ဟူ၍လည်း ခေါ်ကြသည်။ (၄) ဘီစီခန့်တွင် အာသောကမင်း၏ သားတော် အရှင်မဟိန္ဒက သီရိလင်္ကာသို့ ဗုဒ္ဓဘာသာကို စတင်ယူဆောင်လာသည်။ ထိုအချိန်တွင် သီရိလင်္ကာကို အုပ်ချုပ်သောမင်းမှာ ဒေဝါနံပိယ တိဿမင်း ဖြစ်သည်။ တိဿမင်း၏ အကြံအရ အရှင်မဟိန္ဒ၏ ကြီးကြပ်မှုဖြင့် ပန်းပုဆရာတို့က…
-
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အရှေ့ရိုးမ တောင်တန်းအပါအဝင်ဖြစ်သည့် ပေါင်းလောင်းတောင်တန်း တောင်ထွဋ်အပေါ် ပင်လယ်ရေမျက်နှာပြင် အထက်(၃၆၁၅)ပေအမြင့်တွင်တည်ရှိပါသည်။ တိဿရသေ့နှင့်သိကြားမင်းတည်ခဲ့သော ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတည်ခဲ့သည်မှာ နှစ်ပေါင်း၂၅၀၀ကျော် ကြာမြင့်ခဲ့ပြီဟု စစ်ကဲတော်မင်းမောင် ရွှေနော် ရေး မွန်ရာဇဝင်အရသိရသည်။ ကြီးမား၍ မတ်စောက်သော ကျောက်တောင်တစ်ခု၏ အစွန်း တွင် ကျောက်လုံးကြီးတစ်လုံး ပြုတ်ကျလုနီးပါးတင်နေသည်။ ကျောက်လုံးကြီးသည် လုံးပတ်ပေ ၅၀ ခန့် ရှိသည်။…
-
ကျိုက်ထိုမြို့နယ်၊ စစ်တောင်းစံပြကျေးရွာတွင် တည်ရှိသော ကျိုက္ကလွန်ပွန်းဆံတော်ရှင်သည်မဟာသက္ကရာဇ် (၁၀၇) ခုနှစ် ဘီစီ(၅၈၅)ခုနှစ်တွင် ဗုဒ္ဓဘုရားရှင် လေးဝါမြောက်သည့် အခါသမယ ရာဇဂြိုဟ်၌ ဝါဆိုတော်မူစဉ်.. အရှင်အနုရုဒ္ဓါအမှူ ရှိသော ရဟန္တာ အရှင်(၆)ပါးတို့၏ လျှောက်ထား တောင်းပန်ချက်အရ ဆံတော်(၆)ဆူ ပေးသနားတော်မူ၏။ ထိုအရှင်မြတ်တို့သည် ဆံတော်တစ်ဆူကို သကြားမင်းအကူအညီဖြင့် စစ်တောင်းမြို့ ကျိုက္ကလွန်ပွန်း စေတီတော်၌ ပထမဆုံးဌာပနာတည်ထားတော်မူ၏။ ထိုနောက် မဟာသက္ကရာဇ် (၁၁၁)ခုနှစ်တွင်…
-
ထိုင်တော်မူဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားကြီးသည်မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ တည်ရှိသည်။ ကျိုက်ထိုမြို့တွင်ရှိသော ဘုရားသုံးဆူတောင်ပေါ်၌ တည်ထားသည်။ ဉာဏ်တော် အမြင့် (၂၅၅)ပေ (၆)လက်မ (၇၇.၈၇မီတာ) ရှိ၍ မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ကမ္ဘာတွင် ဒုတိယ မြောက်အကြီးဆုံး ထိုင်တော်မူရုပ်ပွားတော်ဖြစ်သည်။ ဤဘုရားကြီးတွင် အထပ်ပေါင်း ၁၇ ထပ်ရှိ၍ အလွှာပေါင်းက ၁၈ လွှာရှိပါရှိသည်။ နောက် ဆုံးပွင့်တော်မူခဲ့သော ဂေါတမဗုဒ္ဓမြတ်စွာဘုရားကို အစွဲပြုပြီး၍ ဂေါတမဗုဒ္ဓရုပ်ပွားတော် ဘုရားကြီး…