မလော့ချောင်တူးဖော်မှုကုန်းနှင့် ဘုရားတစ်ထောင်ကုန်းမှ စေတီ(၅)ဆူသမိုင်းကြောင်းကျိုက်ထိုမြို့နယ်၊ မလော့ချောင်းကျေးရွာသည် ကျိုက်ထိုမြို့မှ (၇)မိုင်ခန့်အကွာတွင်တည်ရှိ သည်။ မလော့ချောင်ကျေးရွာအနီးတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်ရှေးဟောင်းကုန်းတစ်ခုအား တူးဖော်သုတေသနပြုခဲ့ပါသည်။ဘာသာရေးဆိုင်ရာအဆောက်အအုံဟု ယူဆရသော လေးထောင့် အခန်းတစ်ခုဖြင့်ဖွဲ့စည်းထားသော လက်ရေးစင်းပါအုတ်ချပ်များဖြင့် တည်ဆောက်ထားသည့် ရှေးဟောင်းအဆောက်အအုံတစ်ခုကို တွေ့ရှိရပါသည်။ အေဒီ ၄-၇ ရာစုကြားတည်ဆောက်ထားသော အဆောက်အအုံဟု ယူဆရပါသည်။ ဌာနမှ အမိုးမိုး၍ခြံစည်းရိုးခတ် ထိန်းသိမ်းထားရှိပြီးဖြစ်ပါသည်။ ဘုရားတစ်ထောင်စေတီများအားမလော့ချောင်ကျေးရွာအနီး မော်လမြိုင်-ရန်ကုန် မီးရထားလမ်းနှင့် အပြိုင်…
ရှေးဟောင်းအမွေအနှစ်များ
-
-
ဂဝံစေတီ(မုသင်)ဂဝံစေတီ(မုသင်)သည် ဘီးလင်းမြို့နယ်၊ မုသင်ကျေးရွာအထက်တန်းကျောင်းဝန်းတွင် တည်ရှိသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်တူးဖော်သုတေသနပြုခဲ့ပါသည်။ အဝိုင်းပုံ ဂဝံစေတီ ပျက်တစ်ခုဖြစ်ပြီးမူလပုံစံလက်ရာမပျက် ဂဝံအုတ်များဖြင့် ပြန်လည်အစားတိုး ပြုပြင်ထားသောစေတီတစ်ဆူဖြစ်သည်။ ဉာဏ်တော်အမြင့် (၁၅)ခန့်နှင့် ပန်းတင်ခုံပတ်လည်အလျားမှာပေ(၂၀)ခန့် ရှိပါသည်။ အေဒီ ၁၃ ရာစု မုတ္တမခေတ်လက်ရာဟု ခန့်မှန်းထားရှိပါသည်။ဂဝံစေတီ(မုသင်)ကို မော်လမြိုင်-ဘီးလင်း-တောင်စွန်းလမ်းမှတဆင့်ကားဖြင့်သွားရောက်နိုင်သည်။ တိုက်ကုလားမြို့ရိုးဟောင်းတိုက်ကုလားမြို့ရိုးဟောင်းသည် ဘီးလင်းမြို့နယ်၊ အရက်သည်မကျေးရွာအနီးကေလာသ တောင်ခြေတွင်တည်ရှိပြီး ၁၉၇၀ ခန့်တွင် တူးဖော်သုတေသနလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ပညာရှင်များ…
-
ခရုံဂူဘုရားကျိုက်မရောမြို့နယ်၊ ခရုံကျေးရွာအုပ်စုရှိ ခရုံဂူသမိုင်းအကျဉ်းမှာ သာသနာသက္ကရာဇ်(၁၁၃)ခုနှစ်တွင် မြတ်စွာဘုရားရှင်သည် ရဟန္တာ(၅၀၀)ဖြင့် ဒေသစာရီ ကြွချီတော်မူရာဤခရုံဂူ တောင်ကျော်သွားစဉ် ခရုံဂူရှိ ရသေ့ဗုံဝါရီမှ ဆံတော်တောင်းခြင်းကို အစွဲပြု၍မွန်ဘာသာဖြင့် “ဟရုမ်း”မှ ခရုံဖြစ်လာခဲ့သည်။ ရွှေဖယုံမယ်သည်လည်း ဤခရုံဂူတွင်ပုန်းအောင်းခဲ့သည့်ကိုအစွယ်ပြု၍ ဖရုံဂူမှ ခရုံဂူဖြစ်လာသည်ဟုသမိုင်းအထောက်အထားများအရ သိရသည်။ ခရုံဂူသည် ကျိုက်မရော မြို့နယ်၊ခရုံကျေးရွာအနီးတွင် တည်ရှိသော ရှေးဟောင်းထုံးကျောက်ဂူ တစ်ဂူဖြစ်ပါသည်။ ဂူအတွင်းမှညောင်ရမ်း ခေတ်လက်ရာ နံရံကပ်ဗုဒ္ဓအုတ်ခွက်များနှင့် လွန်ခဲ့သောနှစ်ပေါင်း(၁၀၀)ကျော်ခန့်က…