ခရုံဂူဘုရားကျိုက်မရောမြို့နယ်၊ ခရုံကျေးရွာအုပ်စုရှိ ခရုံဂူသမိုင်းအကျဉ်းမှာ သာသနာသက္ကရာဇ်(၁၁၃)ခုနှစ်တွင် မြတ်စွာဘုရားရှင်သည် ရဟန္တာ(၅၀၀)ဖြင့် ဒေသစာရီ ကြွချီတော်မူရာဤခရုံဂူ တောင်ကျော်သွားစဉ် ခရုံဂူရှိ ရသေ့ဗုံဝါရီမှ ဆံတော်တောင်းခြင်းကို အစွဲပြု၍မွန်ဘာသာဖြင့် “ဟရုမ်း”မှ ခရုံဖြစ်လာခဲ့သည်။ ရွှေဖယုံမယ်သည်လည်း ဤခရုံဂူတွင်ပုန်းအောင်းခဲ့သည့်ကိုအစွယ်ပြု၍ ဖရုံဂူမှ ခရုံဂူဖြစ်လာသည်ဟုသမိုင်းအထောက်အထားများအရ သိရသည်။ ခရုံဂူသည် ကျိုက်မရော မြို့နယ်၊ခရုံကျေးရွာအနီးတွင် တည်ရှိသော ရှေးဟောင်းထုံးကျောက်ဂူ တစ်ဂူဖြစ်ပါသည်။ ဂူအတွင်းမှညောင်ရမ်း ခေတ်လက်ရာ နံရံကပ်ဗုဒ္ဓအုတ်ခွက်များနှင့် လွန်ခဲ့သောနှစ်ပေါင်း(၁၀၀)ကျော်ခန့်က…
Category: