စံပယ်ဂူသည် ကျိုက်မရောမြို့နယ်မှ အရှေ့ဘက်(၃)မိုင်ခန့်အကွာအထ္တရံမြစ်ကမ်း နံဘေး၊ ကျိုက်မရောမြို့နှင့် အထ္တရံမြစ်ကမ်းကြား၌တည်ရှိသောသဘာဝထုံးကျောက် လိုဏ်ဂူဖြစ် သည်။ စံပယ်ဂူသာသနာပြုဆရာတော်ဉူးလာဘသိဒ္ဓ၏အိမ်မက်အရ ကျိုက်မရောမြို့ အရှေ့ ဘက် တောင်တန်းရှိ ဂူအတွင်းမှရှာဖွေတွေ့ရှိသော ဘုရားဖြစ်ပါသည်။ စံပယ်ဂူ ဆိုသည်မှာ မြတ်စွာဘုရားစံပါယ်တော်မူသောကြောင့် စံပယ်ဂူဟုခေါ်ဝေါ်ကြောင်း၊ ထုံးကျောက်ဂူအမိုးမှကျောက်စက်ရေများ တစ်ပေါက်ပေါက်ကျ၍ ထိုရေစက်ကျပုံသည်စံပယ်ပွင့်ကဲ့သို့ရေမှုန်များ ဖွာထွက်နေသည်ကို အစွဲပြုပြီးလည်းစံပယ်ဂူဟုခေါ်တွင်ကြသည်။ထို့အပြင်အခြားထုံးကျောက် လိုဏ်ဂူများထက်ထူးခြားသည်မှာ ဝင်ပေါက်သည် မြေပြင်မှ ပေ(၂၀)ကျော် မြင့်မားသော နေရာတွင်တည်ရှိသည်။…
Category:
ဂူများ
-
-
ဖားဘောင်လိုဏ်ဂူတော်၏ တည်နေရာသည် အထ္တရံမြစ်အရှေ့ဘက်ခြမ်းတွင်တည်ရှိ လျက် ယခုဖောက်လုပ်ထားသော ဘားအံ-မော်လမြိုင်-ကြာအင်းဆိပ်ကြီးကားလမ်းမအနောက် ဘက်ခြမ်းတွင် တည်ရှိသည်။ ကုန်းလမ်း၊ ရေလမ်း၊ သွားလာရေး၌အချက်အချာကျသောကြောင့် လူသိထင်ရှားလျက်ရှိပါသည်။ ဖားဘောင်လိုဏ်ဂူတော်ကြီးသည်အထက်မြင့်မားပြီး နေရာကျယ်ဝန်း လျက် တိုးလျှိုပေါက်ဖြစ်နေသဖြင့် အရှေ့ဘက်၊အနောက်ဘက်၊ မြောက်ဘက်၊ သုံးဘက်သုံးတန် ဝင်ထွက်နိုင်ပြီး အရံ (၅)ဂူ ဆက်၍ရှည်လျားသည်။ မြန်မာနိုင်ငံတွင် အကျယ်ဆုံး ဂူစာရင်းထဲ တွင် ပါဝင်ပြီးတစ်ချိန်ကဂူနံရံပေါ်တွင် ရှေးရုပ်လုံးပန်းချီလက်ရာတန်ဆာတို့သည် တင့်တယ်…