မော်လမြိုင်၊ ဇူလိုင် ၈
မွန်ပြည်နယ်တွင် အားကစားကဏ္ဍ တိုးတက်အောင်မြင်မှုရှိစေရေးနှင့် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် အားကစားသမားများကို ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ရာမညဖလား အမျိုးသား အလွတ်တန်း ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့၊ ညနေပိုင်းက၊ မော်လမြိုင်မြို့၊ ရာမည အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် အောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များမှ ဗိုလ်လုပွဲစဉ်အဖြစ် ရောင်နီ FC ဘောလုံးအသင်းနှင့် ရာမညလူငယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးမှ ပြိုင်ပွဲဝင်ဘောလုံးအသင်းများအား ထောက်ပံ့ငွေများအား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများမှ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုများ၊ နေရာအလိုက် အကောင်းဆုံး ကစားသမားဆုများနှင့် ဒုတိယဆု၊ တတိယဆုများ ရရှိကြသည့် ပြိုင်ပွဲဝင် ဘောလုံးအသင်းများအား လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ ရာမညဖလား အမျိုးသား အလွတ်တန်း ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရောင်နီ FC ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဖလားတို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ရာမညဖလား အမျိုးသား အလွတ်တန်း ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၈ ရက်နေ့