မော်လမြိုင်၊ ဇူလိုင် ၁၀
မွန်ပြည်နယ် စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီဝင်များ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဒေသထွက်ကုန်ကြမ်းတွေကိုအခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ စီးပွားဖြစ်ထုတ်လုပ်နိုင်ခြင်းဖြင့် သွင်းကုန်အစားထိုးထုတ်ကုန်တွေ တိုးမြှင့်ထုတ်လုပ်လာနိုင်ရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုဇုန်များ၊ စက်ရုံစုများဖော်ဆောင်၍ ကုန်ထုတ်လုပ်မှုကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေး ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် ဒေသထွက်ကုန်များ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်ရေးနဲ့ ထုတ်ကုန်အရည်အသွေး မြင့်မားလာခြင်းဖြင့် ဈေးကွက်ပိုမို ရရှိလာစေရေးတို့အပြင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းလာရေး အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးဌာနမှူးမှ ပြည်နယ်အတွင်း စက်မှုဇုန်နှင့် စက်ရုံစုများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စက်မှုဇုန်များဖော်ဆောင်ရေး၊ ကြီးကြပ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
အဲဒီနောက် ပြည်နယ် စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ဖတ်ကြား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးတို့အတွက် ပြည်နယ်အတွင်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရမည်ကြောင်း၊ ပညာရည်သင်ကြားရေးနှင့်ပတ်သက်၍ ကျောင်းသူ၊ ကျောင်းသားများ ဘေးကင်းလုံခြုံစွာဖြင့် စိတ်အေးချမ်းစွာ သင်ယူနိုင်ရေး၊ ကျောင်းနေ ရာခိုင်နှုန်းများနှင့် တန်းစဉ်ကူးပြောင်းမှုများ တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုရှိစေရေးနှင့် ကျောင်းတွေရဲ့ ဥပတိရုပ်ကောင်းမွန်စေဖို့ ကျောင်းပတ်ဝန်းကျင်သာယာလှပစေရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ မြို့နယ် အသီးသီးရှိ လမ်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘုရားစေတီပုထိုးများ သန့်ရှင်း သာယာလှပမှုရှိနေစေရေး၊ ရေနုတ်မြောင်းများ၊ ချောင်းများ၊ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် အမြဲမပြတ် ဆောင်ရွက်နေကြရမည်ဖြစ်သလို အမှိုက်များစည်းကမ်းတကျ စွန့်ပစ်ကြစေရေး၊ မြို့ပတ်ဝန်းကျင် စိမ်းလန်းသာယာလှပစိုပြေစေရေးအတွက် သစ်ပင်ပန်းမန်များစိုက်ပျိုးခြင်း၊ ကျေးရွာများ အလိုက်လည်း အရိပ်ရ လေကာပင်များနှင့် ထင်းစိုက်ခင်းများကို စနစ်တကျ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ထိန်းသိမ်းကြပ်မတ်ကြရန်၊ လမ်းမကြီးများ ဥပဒေနှင့်အညီ လမ်းအင်္ဂါရပ်များအတိုင်း စနစ်တကျရှိရန်၊ လမ်းညွှန် ဆိုင်းဘုတ်များ၊ အမှတ်အသားများ မှန်ကန်စွာရေးဆွဲထားရှိရန် လိုကြောင်း၊
ကြပ်မတ်ရန် ပြည်နယ်အနေဖြင့် အခြေခံအကျဆုံးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက်ပစ္စည်းထုတ်ကုန်များအား အောင်မြင် တိုးတက်အောင် ဆောင်ရွက်ခြင်း စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့ဖြင့်လည်း နိုင်ငံ၏ GDP သည်လည်း တိုးတက်လာ စေရေးဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း၊ မဲစာရင်း ပြုစုခြင်းနှင့် ရွေးကောက်ပွဲဥပဒေများ အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးသွားကြရမည် ဖြစ်ကြောင်း၊ မြို့ပြစီမံကိန်းများနှင့်ပတ်သက်၍ စီမံကိန်းများ၊ မြေယာနှင့် မြေလွတ်၊ မြေရိုင်းအသုံးချမှုများကိုလည်း တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ရန်နှင့် မြို့ရွာစီမံကိန်းများ စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲနှင့် အမျိုးသားအားကစားပြိုင်ပွဲများကို နိုင်ငံတော်အဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ်အတွင်းရှိ အရည်အချင်းရှိသော အနုပညာရှင်များ၊ အားကစားသမားများကိုလည်း ပြုစုပျိုးထောင် မွေးထုတ်၍ အဆင့်တန်းရှိရှိ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၏ သက်သာ
ချောင်ချိရေး၊ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ၊ ထောက်ပံ့ပေးများကိုလည်း ဆက်လက်ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ အခွန်အခများ ကောက်ယူရာတွင် အခွန်အား တိုးမြှင့်ကောက်ခံခြင်းမပြုလုပ်ဘဲ ယခင်ရှိပြီး အခွန်နှုန်းထားအတိုင်းပြည်နယ်အတွင်း ရသင့်ရထိုက်သော နယ်ပယ်အလိုက် မကျန်ရှိအောင် ကောက်ခံခြင်းများကို ပြုလုပ် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
အဲဒီနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လုံခြုံရေးနျှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များ၊ အခွန်လျာထားချက်များ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး ကိစ္စရပ်များ၊ မြို့၊ ရွာ သာယာလှပရေးနင့် စိမ်းလန်းစိုပြေရေး ကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းဆိုင်များ၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား ရေးရာဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြခဲ့မှုအပေါ်ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။