Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂/၂ဝ၂၄) ဆင်းပွဲ  တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂/၂ဝ၂၄) ဆင်းပွဲ  တက်​ရောက်

by Mon Editor

မော်လမြိုင်၊ စက်တင်ဘာ ၆

မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂/၂ဝ၂၄) သင်တန်ဲးဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၆ ရက်​နေ့၊ နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ​ကျေးရွာ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊စစ်​​ရေးပြကွင်း၌ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဌ(၂) လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ​ကျော်စွာမြင့်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်း​ရေးမှူး၊ ပြည်နယ်အုပ်​ရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ အရာရှိအရာခံများ၊သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်​ရောက်သည်။

​ရှေးဦးစွာ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ​ကျောင်းအုပ်ကြီး၊ ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂/၂ဝ၂၄) သင်တန်းဆင်းတပ်ခွဲအားစစ်ဆေးပြီးသင်တန်းတွင် ထူးချွန်ဆုရရှိသူများအားဆုတံဆိပ်များချီးမြှင့်ကာ သင်တန်းဆင်းမိန့်ခွန်း​ပြောကြားသည်။

ဆက်လက်ပြီး  ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂/၂ဝ၂၄) သင်တန်းဆင်းသင်တန်းသားများက စစ်ကြောင်းပုံစံဖြင့်​ကျောင်းအုပ်ကြီးအားချီတက်အလေးပြုကာကွင်းအတွင်းမှပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

You may also like