မော်လမြိုင် စက်တင်ဘာ ၂၅
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာရှိ ဝေပုလ္လာရာမကျောင်းတိုက်သို့ရောက်ရှိကာ ဘဝနတ်နန်းပြောင်းရွှေ့စံမြန်းတော်မူပြီးဖြစ်သည့် ဝေပုလ္လာရာမကျောင်းတိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တ ဥူပါလိမဟာထေရ်၏ ရုပ်ကလာပ်တော်အား ဖူးမြှော်ကြည်ညိုသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အန္တိမအဂ္ဂိဈာပန ကျင်းပရေးကော်မတီ နာယကဆရာတော်ကြီးများထံ သွားရောက်ဖူးမြှော်ကန်တော့ကာ အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင် ကျင်းပနိုင်ရေးအတွက် သာသနာရေးဆိုင်ရာများလျောက်ထားပြီး လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။
ဝေပုလ္လာရာမကျောင်းတိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တ ဥူပါလိမဟာထေရ်သည်၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ည ၈း၁၅ နာရီအချိန် တွင် ဘဝနတ်နန်း ပြောင်းရွှေ့စံလွန်တော်မူခဲ့ရာ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကိုသီတင်းကျွတ်လဆန်း(၃)ရက်နေ့၌ မုဒုံမြို့နယ်၊ ေကာ့ခပုံကျေးရွာရှိ ဝေပုလ္လာရာမကျောင်းဝင်းအတွင်းရှိသံဝေဂပူဇာဓမ္မဗိမာန်တော်၌ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင်ကို ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိသည်။(၄၅)ကြိမ်မြောက် မုဒုံမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့မွနးလွဲပိုင်းက မုဒုံမြို့၊ မြို့မ ( ၄ )ရပ်ကွက် ဆွမ်းဆန်စိမ်းလောင်းလှူရေးမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ရာ
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် (၄၅)ကြိမ်မြောက် မုဒုံမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်တော်မူလာကြသည့်ဘုန်းတော်ကြီးကျောင်း(၆၄)ကျောင်း၊ သီလရှင်ကျောင်း(၁၅)ကျောင်း၊ စုစုပေါင်း(၇၉)ကျောင်းရှိ သံဃာ တော်(၂၂၉၅)ပါး၊ သီလရှင်(၄၈၅)ပါး၊ စုစုပေါင်း(၂၇၈ဝ)ပါးတို့အား ဆွမ်းဆန်စိမ်း၊ ငွေပဒေသာပင်များ၊ လှူဖွယ်ပစ္စည်းများအား အသီးသီးလှူဒါန်းခဲ့ကြသည်။ (၄၅)ကြိမ်မြောက် မုဒုံမြို့နယ်လုံးဆိုင်ရာဆွမ်းဆန်တော်လောင်းလှူပွဲကို မုဒုံမြို့နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်း(၆၄)ကျောင်း၊ သီလရှင်ကျောင်း(၁၅)ကျောင်း၊ စုစုပေါင်း(၇၉)ကျောင်းရှိ သံဃာ တော်(၂၂၉၅)ပါး၊ သီလရှင်(၄၈၅)ပါး၊ စုစုပေါင်း(၂၇၈ဝ)ပါးတို့အား ဆွမ်းဆန်တော်လောင်းလှူခြင်းကို ၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၈/၉)ရက် (၂၅/၂၆-၉-၂ဝ၂၄)ရက်နေ့များတွင် ဆွမ်းဆန်တော်များ လောင်းလှူဆောင်ရွက်ပြီး တော်သလင်းလပြည့်ကျော်(၁၁)ရက် (၂၈-၉-၂၀၂၄)ရက်နေ့တွင် လှူဒါန်းမှုအစုစု အတွက် ရေစက်ချအခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။