Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမျိုးသမီးအိမ်တွင်းမှု  သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (မုဒုံ)၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၈)နှင့် မွန်ရိုးရာ လက်ရက်ကန်းသင်တန်း  အမှတ်စဉ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမျိုးသမီးအိမ်တွင်းမှု  သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (မုဒုံ)၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၈)နှင့် မွန်ရိုးရာ လက်ရက်ကန်းသင်တန်း  အမှတ်စဉ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

by Mon Editor

မော်လမြိုင်၊ စက်တင်ဘာ ၂၇
မွန်ပြည်နယ်အနေဖြင့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများ       ဖွံ့ဖြိုးတိုးတက်လာစေရေး ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (မုဒုံ)၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၈)နှင့် မွန်ရိုးရာလက်ရက်ကန်း သင်တန်းအမှတ်စဉ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်‌နေ့၊ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ သင်တန်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အသက်မွေးဝမ်းကျောင်းပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများဖွင့်လှစ်ပြီး အမျိုးသမီးငယ်များအား အိမ်တွင်းမှုသင်တန်းများ စဥ်ဆက်မပြတ် သင်ကြားပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဒေသခံ တိုင်းရင်းသူ  အမျိုးသမီးငယ်လေးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးခြင်းတို့အပြင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် Japan Myanmar Association (JMA)အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဂျပန်နိုင်ငံကို တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အရေး တစ်ရပ်ဖြစ်ကို စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည့်အတွက် စိတ်ပါဝင်စားသူများမှ အလေးအနက်ထား ကြိုးစားကြစေလိုကြောင်း၊ သင်တန်းသူများအနေဖြင့် အိမ်တွင်းမှုပညာရပ်များကို အသုံးချပြီး စူးစမ်းလေ့လာမှု၊ တီထွင်ဖန်တီးမှုများဖြင့် မိမိတို့ဘဝ တိုးတက်အောင် ကြိုးစားသွားကြရန်နှင့် လူမှုရေးဆိုင်လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကိုလည်း  ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် သင်တန်းဆင်း အမှာစကားပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆု ရရှိကြသူများအား လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သင်တန်းဆင်း အောင်လက်မှတ်များအား လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကာ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (မုဒုံ)၊ သင်တန်းကျောင်းအုပ်ကြီးမှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး သင်တန်းသူများ ဖန်တီးပြုလုပ်ထားသည့် ရိုးရာ လက်မှုပစ္စည်းများ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများနှင့် သက်မွေးပညာပစ္စည်းများကို ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ သင်တန်းကျောင်းမှ သင်တန်းပြီး‌မြောက်ပါက ဒေသခံတိုင်းရင်းသူများအတွက် တစ်နိုင်တစ်ပိုင်လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များ အရစ်ကျရောင်းချပေးခြင်း၊ ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းများသို့ တက်ရောက်နိုင်‌ရေး ဆောင်ရွက်ပေးခြင်းနှင့် အလုပ်သမားညွှန်ကြားရေးမှုဦးစီးဌာန၊ အလုပ်သမား အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းဖြင့် အချိန်တိုအတွင်း အထည်ချုပ်စက်ရုံများတွင် အလုပ်အကိုင်ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
https://t.me/mrtvnews/203541

You may also like