Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုခံယူ၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုခံယူ၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေ

by Mon Editor

အောက်တိုဘာ ၁                                         မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှာရှိသည့် ရပ်ကွက် ကျေးရွာများတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းတွေကို ဒီကနေ့ မနက်ပိုင်းကစလို့ စတင်ကောက်ယူနေပြီဖြစ်ကြောင်း၊ဒီနေ့ နေ့လယ်ပိုင်းမှာ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်အတွင်း သက်ဆိုင်ရာဌာနများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ တာဝန်ရှိသူများပူး‌ပေါင်းကာ စာရင်းစစ်၊ စာရင်းကောက်များအဖွဲ့သည်  CAPI နည်းပညာ အသုံးပြုပြီး Tablet များ​ဖြင့် တစ်အိမ်တက်တစ်အိမ်ဆင်း လူဦးရေဆိုင်ရာ အချက်အလက်နဲ့ အိမ်အကြောင်းအရာ ဆိုင်ရာအချက်အလက်တွေ ကောက်ယူနေမှုကို သွားရောက် ကြည့်ရှုအားပေးခဲ့ ကြောင်း၊သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်တွေကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင်မြင်ဖို့အတွက် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ အားလုံး ဝိုင်းဝန်းကူညီ ကြိုးပမ်းဆောင်ရွက်‌ပေးကြရန်မှာကြားခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာရှိနေအိမ်များမှာ သန်းခေါင်စာရင်းကောက်ယူရေး  စာရင်းစစ်၊ စာရင်းကောက်၊ အထောက်အကူပြုအဖွဲ့များက ၂၀၂၄ ခုနှစ်၊ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများစဉ်တွေဖြစ်တဲ့ အိမ်ထောင်စုမေးခွန်းပုံစံ (၆၈) ခုတို့အား မေးမြန်းကောက်ယူခြင်းအပေါ် ပူးပေါင်းဆောင်ရွက် ပြန်လည်ဖြေကြား​ပေးခဲ့ သည်။

မွန်ပြည်နယ်အနေနှင့် (၁၀) မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးတွင် သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း (၃၆၇၅)နဲ့ ဖွဲ့စည်းပြီး စာရင်းစစ်၊ စာရင်းကောက် (၁၂၀၂) ဦးဖြစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ ​ကောက်ယူဆောင်ရွက်သွားမည်​ဖြစ်​​ေကြာင်းသိရှိရသည်။

You may also like