Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ၂ဝ၂၆ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းနှင့် View Point တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး 

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ၂ဝ၂၆ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းနှင့် View Point တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး 

by Mon Editor

မော်လမြိုင် သြဂုတ် ၂၂                      

မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမည အားကစားကွင်း၌ကျင်းပရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ဘောလုံးအားကစားဝါသနာရှင်များ၊ကျောင်းသား/သူများကနောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ဘီးလင်းမြို့နယ် ဘောလုံးအသင်းနှင့် ကျိုက်မ ရောမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။  

ဆက်လက်၍ ဆုပေးပွဲကိုကျင်းပပြုလုပ်ရာ နေရာအလိုက်အကောင်းဆုံးဆု၊ ပွဲစဥ်အလိုက်အကောင်းဆုံးဆု၊ ပူးတွဲတတိယဆုနှင့်ဒုတိယဆုရအသင်းများအားပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများကဆုတံဆိပ်နှင့်ငွေသားဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီးပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ ကျိုက်မရောမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား ဆုတံဆိပ်၊ငွေသားဆုနှင့်တံခွန်စိုက်ဒိုင်းဆုအားပေးအပ်ချီး မြှင့်ခဲ့သည်။ 

အဆိုပါ (၁၀)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ(၃၁) ရက်နေ့မှ သြဂုတ်လ(၂၁)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 

မွန်ပြည်နယ်တွင် သန့်ရှင်းသာယာလှပပြီး မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်ရေးနှင့် အများပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းနှင့် View Point အပန်းဖြေနေရာတို့၌ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်များ၊ ခြုံနွယ်များနှင့် အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ရိုးတန်းလမ်းနှင့် View Point အပန်းဖြေနေရာတို့အား လှည့်လည်ကြည့်ရှုခဲ့ပြီး မြို့၏ ထင်ရှားသော အပန်းဖြေနေရာများအား စဥ်ဆက်မပြတ် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြို့သာယာလှပရေးအတွက် စုပေါင်းအားဖြင့် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားပြီး တောင်ရိုးတန်းလမ်းတစ်လျှောက် ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေးနှင့် View Point သာယာလှပရေးအတွက် စနစ်တကျ သန့်ရှင်းရေး ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ 

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

You may also like