Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၂၀၂၆ ခုနှစ် မိုးရာသီ၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားနှင့် မုတ္တမမြို့ သံလွင်သင်္ဘောကျင်း လုပ်ငန်းခွင်ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး                                               

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၂၀၂၆ ခုနှစ် မိုးရာသီ၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားနှင့် မုတ္တမမြို့ သံလွင်သင်္ဘောကျင်း လုပ်ငန်းခွင်ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး                                               

by Mon Editor

မော်လမြိုင် သြဂုတ် ၂၆                         

မွန်ပြည်နယ်၊ ၂၀၂၆ ခုနှစ် မိုးရာသီ၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ဒရေတောသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဆယ်အိမ်စုရပ်၊ ပင်လယ်ကမ်းခြေတွင် ကျင်းပပြုလုပ်ရာဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒီရေတောများကို အပူပိုင်းနှင့် သမပိုင်းဒေသများရှိ ကမ်းရိုးတန်း ဧရိယာများတွင်တွေ့ရှိရပြီး ဒီရေတောများတွင် အဏ္ဏဝါဒေသ၏ ဂေဟ စနစ်ဆိုင်ရာတည်ငြိမ်စေမှုအတွက် အရေးပါသည့် သစ်တောဂေဟစနစ်များ ပါဝင်ကာ မြန်မာနိုင်ငံသည် ကီလိုမီတာ(၂,၂၈၀)ကျော် ရှည်လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပြီး ကမ်းရိုးတန်း လတာပြင်များ၊ သဲသောင်ခုံများ၊ ဒီရေတောများနှင့် သန္တာကျောက်တန်းများသည် ပင်လယ်နှင့် ရေချိုရေငန်စပ်တွင် ကျက်စားသော ဇီဝမျိုးစုံမျိုးကွဲများစွာတို့၏ မှီတင်း နေထိုင်ရာဒေသလည်း ဖြစ်ကြောင်း၊အထူးသဖြင့် မုတ္တမ ပင်လယ်ကွေ့ ဒေသသည် နှစ်စဉ်ဆောင်းခို ကမ်းခြေရေပျော်ငှက် ကောင်ရေပေါင်း (၁၅၀,၀၀၀)ခန့်နှင့်အတူ ကမ္ဘာပေါ်ရှိရေညှောင့်နှုတ်ဝိုင်းငှက် အကောင်ရေစုစုပေါင်း၏ တစ်ဝက်ခန့်သည် လာရောက် ဆောင်းခိုလေ့ ရှိကြောင်း၊မွန်ပြည်နယ်အပါအဝင် ကမ်းရိုးတန်းဒေသများမှာ ဒီရေတောများ အလျင်အမြန် တည်ထောင်ကြရန်လိုအပ်သလို ဝိုင်းဝန်းထိန်းသိမ်းခြင်း၊ ဒီရေတော စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်အဖြစ် ရပ်တည်ခံယူပြီး တိုင်းရင်းသားပြည်သူများ၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် လက်တွဲကာ ပူးပေါင်းပါဝင် ဆောင်ရွက် ကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများမှ ဗြူးရွေဝါ၊ သမဲ့၊ ပင်လယ်ကဗွီး၊မာလာလူးကာ အစရှိသည့် ဒီရေတောသစ်ပင်(၁၅၀၀)ကိုတပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒီရေတောသစ်ပင်များ စိုက်ပျိုးနေမှုနှင့် စိုက်ပျိုးထားရှိသော ဒီရေတောစိုက်ခင်း ဧကများ အောင်မြင်စွာ ဖြစ်ထွန်းနေမှု အခြေအနေတို့အားလှည့်လည် ကြည့်ရှုအားပေးခဲ့သည်။ 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုတ္တမမြို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သံလွင် သင်္ဘောကျင်း သို့ရောက်ရှိရာ ရှေးဦးစွာ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးသိန်းနိုင်မှ လွန်းကျင်းတင်ရေဘဝဲ-၁ ကုန်းပတ်သံပြားလဲလှယ်ရန်လျာထားဆောင်ရွက်မှု၊ကရိန်းငှားရမ်းမှု၊သံပြားဖြတ်စက်၊တွင်၊သံဂဟေလုပ်ငန်းများနှင့် သံလွင် သင်္ဘောကျင်းတွင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကိုရှင်းလင်းတင်ပြကာလုပ်ငန်းဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးသည်။

ထို့နောက်အစည်းအဝေးခန်းမ၌ သံလွင်သင်္ဘောကျင်းနောက်ခံသမိုင်းနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကိုရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သင်္ဘောကျင်းအနေဖြင့် ဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရုံသာမက ပြင်ပလုပ်ငန်းရှင်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် အခြားဌာနများမှ ရေယာဉ်များ လာရောက်ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုများ ပေးနိုင်ရန် လိုအပ်ကြောင်း၊လုပ်ငန်းခွင်အတွင်း လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးအတွက် ဒေသတွင်း စက်မှုလက်မှုအတတ်သင်ကျောင်းများ၊ နည်းပညာတက္ကသိုလ်များ၊ ကောလိပ်များနှင့် ချိတ်ဆက်ဆောင်ရွက်ကာ လူငယ်များအား သင်္ဘောကျင်းတွင် လက်တွေ့ကွင်းဆင်းလေ့လာသင်ယူခွင့်များ စီစဉ်ပေးရန်နှင့် လုပ်ငန်းကျွမ်းကျင်၍ စိတ်ပါဝင်စားသော လူငယ်များကို အမြဲတမ်းဝန်ထမ်းများအဖြစ် ရွေးချယ်ခန့်ထားနိုင်ရေး လုပ်ငန်းခွင်သန့်ရှင်းသပ်ရပ်ရေး၊ အဆောက်အဦများ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

You may also like