Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းများအပေါ် အကောင်ထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းဝေး တက်ရောက် 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းများအပေါ် အကောင်ထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းဝေး တက်ရောက် 

by Mon Editor

မော်လမြိုင်၊ ဩဂုတ် ၂၇ 

မွန်ပြည်နယ်တွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းများအပေါ် အကောင်ထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဘဏ္ဍာရေးနှစ်အလိုက် လျာထားချက်များပြည့်မီစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ်မှတ်ချိန်ကာလအတွင်း စံချိန်စံညွှန်းမီ ပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လှုမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများကို ပိုမိုအားစိုက်ကူညီပေးရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများအကြား လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရာတွင် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။ 

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းမှ လမ်းညွှန်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၏ လမ်းညွှန်ချက်များ၊ နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံသည့် အခမ်းအနားများတွင် မှာကြားခဲ့သည့် လမ်းညွှန်ချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်များ၊ ခရီးစဉ် လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဌာနဆိုင်ရာများကအသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။ 

ယင်းနောက် ပြည်နယ်အဆင့် ကော်မတီအတွင်းရေးမှူးများမှ ပြည်ထောင်စုအဆင့် Video Conferencing ဖြင့် ဆောင်ရွက်ခဲ့သည့်အစည်းအဝေး ဆုံးဖြတ်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများမှ လမ်းညွှန်မှာကြားချက်များ၊ ခရီးစဉ်လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

You may also like