ကျိုက်ထိုမြို့နယ်၊ စစ်တောင်းစံပြကျေးရွာတွင် တည်ရှိသော ကျိုက္ကလွန်ပွန်းဆံတော်ရှင်သည်မဟာသက္ကရာဇ် (၁၀၇) ခုနှစ် ဘီစီ(၅၈၅)ခုနှစ်တွင် ဗုဒ္ဓဘုရားရှင် လေးဝါမြောက်သည့် အခါသမယ ရာဇဂြိုဟ်၌ ဝါဆိုတော်မူစဉ်.. အရှင်အနုရုဒ္ဓါအမှူ ရှိသော ရဟန္တာ အရှင်(၆)ပါးတို့၏ လျှောက်ထား တောင်းပန်ချက်အရ ဆံတော်(၆)ဆူ ပေးသနားတော်မူ၏။
ထိုအရှင်မြတ်တို့သည် ဆံတော်တစ်ဆူကို သကြားမင်းအကူအညီဖြင့် စစ်တောင်းမြို့ ကျိုက္ကလွန်ပွန်း စေတီတော်၌ ပထမဆုံးဌာပနာတည်ထားတော်မူ၏။ ထိုနောက် မဟာသက္ကရာဇ် (၁၁၁)ခုနှစ်တွင် သဒင်သိရီရသေ့အား စစ်တောင်းမြို့ ဇေယျပဗ္ဗတ တောင်ကုန်း၌ မြတ်စွာဘုရားရှင်နှင့်ရဟန္တာငါးရာ တို့စျာန်သမာပတ် ဝင်စားတော်မူစဉ်အချိန် ဆံတော်တစ်ဆူကို မြတ်စွာဘုရား မှ ပေးသနားတော်မူရာ ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကို လေးထောင့်ပုံသဏ္ဍာန်တိုက် စေတီအသွင်တည်၍ မြတ်ဗုဒ္ဓ၏ ဆံတော်ဓါတ်နောက်တစ်ဆူကို ထည့်သွင်းကာဌာပနာတည်ထားတော်မူပါသည်။
ထို့နောက် မဟာသက္ကရာဇ် (၁၄၈)ခုနှစ် (ခရစ်နှစ် ၅၄၄ ခု) ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်စံပြီးနောက် သွားတော်(၃၃)ဆူကို အရှင်ဂဝံပတိမထေရ်သည် ဘုရားရှင်ဗျာဓိတ်တော်ရသုဝဏ္ဏဘူမိသို့ ပင့်ဆောင် တော်မူကာ မဟာသီရိမာ သောကမင်းအား ပေးအပ်တော်မူလေသည်။ ထိုသွားတော် ၃၃ ဆူတို့အား သုဝဏ္ဏဘူမိမြို့ဦး၌ စေတီ (၃၃)ဆူ တည်ထားကိုးကွယ်တော်မူခဲ့လေသည်။ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူ၍ နှစ်ပေါင်း (၂၃၅)နှစ််ကြာသောအခါ…တတိယသင်္ဂါယနာတင်လှုပြီးဘီစီ (၃၀၉) ခုနှစ်တွင် ခေတ်ပြိုင်သုဝဏ္ဏဘူမိ ဘုရင်မင်းမြတ် စူဠသီရိမာကိုယ်တိုင် ဌာပနာတော်မူခဲ့သော ဘုရားရှင်၏ သွားတော်ဓါတ်တဆူကို ဤကျိုက္ကလွန်ပွန်းဆံတော်ရှင် စေတီတော်ကြီး၌ တည်ထားကိုးကွယ်တော် မူခဲ့လေသည်။ ဤသို့ ဆံတော်နှစ်ဆူ၊သွားတော်မြတ်တစ်ဆူ ကိန်းဝပ်တော်မူသော မြတ်ဗုဒ္ဓဘုရားရှင် နှင့်တကွ ရဟန္တာငါးရာ စျာန်သမာပတ်ဝင်စားတော်မူခဲ့သည့်.. ဇေယျာပဗ္ဗတတောင်တော်ရှိ ကျိုက်ကလွန်ပွန်း ဆံတော်ရှင်စေတီတော်(စစ်တောင်း)အား ကျိူက်ထိုမြို့သို့ရောက်ခဲ့ပါလျှင် ဝင်ရောက်ဖူးမျှော် နိုင်ပါ သည်။