Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ နို့စားနွားမွေးမြူရေး ဆောင်ရွက်ထားရှိမှုနှင့် မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ နို့စားနွားမွေးမြူရေး ဆောင်ရွက်ထားရှိမှုနှင့် မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု

by admin

မော်လမြိုင်         ဇူလိုင်           ၁၀

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရန် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇူလိုင်၁၀ရက်နေ့နံနက်ပိုင်းက ခေျာင်းဆုံမြို့နယ်တိုးချဲ့ရပ်ကွက်ရှိ နို့စားနွားမွေးမြူရေးခြံ နှင့် နတ်မှော်ကျေးရွာ နတ်မှော်ကွင်း၌ မျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ

ဦးစွာ မွန်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ခေျာင်းဆုံမြို့နယ် တိုးချဲ့ရပ်ကွက်ရှိ ဦးမြင့်အေး၏ နို့စားနွား (ဖရီရှန်)မျိုး ကောင်ရေ (၅၈)ကောင် မွေးမြူရေး ဆောင်ရွက်ထားမှု၊ တစ်ရက်နို့ပိဿာချိန်ထွက်မှုနှင့်ပြည်နယ်အတွင်းတင်ပို့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်က နွားနို့ရောင်းချနေမှုမှသည် MSMEs ချေးငွေဖြင့်လုပ်ငန်းတိုးချဲ့နိုင်ရေး၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှလည်း မျိုးချောင်းသားစပ်ခြင်းလုပ်ငန်းအပြင်  MSMEs  ချေးငွေရရှိရေးဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်မှာကြားပြီးနောက်တစ်ပိုင်တစ်နိုင် နို့စားနွား စီးပွားဖြင့်မွေးမြူရေး ခြံလုပ်ငန်းအားလှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်မှော်ကျေးရွာ နတ်မှော်ကွင်း၌ မျိုးစေ့ချကိရိယာDrum Seederဖြင့် မိုးစပါး စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုများအား ကြည့်ရှုခဲ့ပြီး  ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးခြင်းပပျောက်စေရေးအတွက် စိုက်ပျိုး​ရေးဦးစီးဌာနအနေဖြင့်တောင်သူများယခုနှစ်မိုးစပါးစိုက်ရာသီတွင် ကြဲခင်းများ လျော့နည်းစေရေးအတွက် လက်ဆွဲကောက်စိုက်စက်၊ ကောက်စိုက်စက်၊  စပါးမျိုးစေ့ချကိရိယာ (Drum Seeder)များနှင့် ပျိုးထောင်စိုက်ပျိုးခြင်းများ စိုက်ပျိုးဆောင်ရွက်နိုင်ရေးကူညီဆောင်ရွက်ပေးစေလိုကြောင်း လမ်းညွှန်မှာ ကြားခဲ့သည်။

အဆိုပါ ၂၀၂၅ ခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးခြင်းကို  ချောင်းဆုံမြို့နယ်၌ မိုးစပါး (၆၅၃၀၉) ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ(၃)ရက်နေ့အထိ မျိုးစေ့ချ ကိရိယာဖြင့် (၁၅၁၅)ဧက စိုက်ပျိုးခဲ့ပြီး စုစုပေါင်း မိုးစပါးစိုက်ဧက (၃၉၇၂၅)ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း စိုက်ပျိုးရာသီအတွင်း လျာထားချက်များအတိုင်း စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ တာန်ရှိသူများနှင့် တောင်သူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှသိရသည်။

You may also like