Home ကျိုက်ထိုမြို့နယ် ထိုင်တော်မူ ဂေါတမဗုဒ္ဓ ရုပ်ပွားတော်ဘုရားကြီး

ထိုင်တော်မူ ဂေါတမဗုဒ္ဓ ရုပ်ပွားတော်ဘုရားကြီး

by admin

ထိုင်တော်မူဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားကြီးသည်မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ တည်ရှိသည်။ ကျိုက်ထိုမြို့တွင်ရှိသော ဘုရားသုံးဆူတောင်ပေါ်၌ တည်ထားသည်။ ဉာဏ်တော် အမြင့် (၂၅၅)ပေ (၆)လက်မ (၇၇.၈၇မီတာ) ရှိ၍ မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ကမ္ဘာတွင် ဒုတိယ မြောက်အကြီးဆုံး ထိုင်တော်မူရုပ်ပွားတော်ဖြစ်သည်။

ဤဘုရားကြီးတွင် အထပ်ပေါင်း ၁၇ ထပ်ရှိ၍ အလွှာပေါင်းက ၁၈ လွှာရှိပါရှိသည်။ နောက် ဆုံးပွင့်တော်မူခဲ့သော ဂေါတမဗုဒ္ဓမြတ်စွာဘုရားကို အစွဲပြုပြီး၍ ဂေါတမဗုဒ္ဓရုပ်ပွားတော် ဘုရားကြီး ဟူ၍ ဆရာတော် ဦးတေဇဝန္တကိုယ်တိုင် အမည်ပေးခြင်းဖြစ်၏။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ရှေးဟောင်း သမိုင်းဝင် ဘုရားသုံးဆူတောင်ပေါ်တွင် ကျပ်သိန်းပေါင်း တစ်သောင်းကျော် ကုန်ကျခံကာ တည်ထား ကိုးကွယ်မည့် ကမ္ဘာ့အကြီးဆုံးထိုင်တော်မူဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားကြီး တည်ထားမှုမှာ ဧပြီလ ဆန်းတွင် ပြီးစီးမည်ဖြစ်ပြီး ဗုဒ္ဓပူဇနိယပွဲတော်များပါ ဆက်တိုက်ကျင်းပမည် ဖြစ်ကြောင်း ကျိုက်ထို ဘုရား သုံးဆူကျောင်းဆရာတော်က မိန့်ကြားသည်။

“”ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော်ကြီးပါ။ ဉာဏ်တော်က ၂၅၅ ပေ ၆ လက်မ မြင့် ပါတယ်။ ပြီးစီးမယ့်ရက်တွေဖြစ်တဲ့ ဧပြီ ၅၊ ၆၊ ၇၊ ၈ ရက်တွေမှာ ဗုဒ္ဓပူဇနိယ ပွဲတော်များ ကျင်းပသွား မှာ ဖြစ်ပါတယ်။ မတည်အလှူရှင်က ကျပ်သိန်း သုံးထောင် မတည်ထားတယ်။ ကျန်တဲ့ ခုနစ်ရက် သားသမီးအလှူရှင်များက ကျပ်သိန်း ၆၀ဝ၀ စုစုပေါင်း သိန်းကိုးထောင်၊ နောက်ထပ်ကုန်မှာနဲ့ ဆိုရင် ကျပ်သိန်းပေါင်း တစ်သောင်းကျော် ခန့်မှန်းထားတယ်” ဟု ကျိုက်ထိုဘုရားသုံးဆူကျောင်း ဆရာတော် ဘဒ္ဒန္တတေဇဝန္တက မိန့်ကြားသည်။

ထိုင်တော်မူ ဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားကြီးတည်ရန်အတွက် ၂၀၁၄ ခုနှစ်က စတင်မြေရှင်း ပန္နက်ရိုက်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် တွင် သီတဂူဆရာတော်ဘုရားကြီးက အုတ်မြစ်ချခဲ့ခြင်းဖြစ်သည်။ ဘုရားကြီး၏ ကိုယ်တွင်း၌ အထပ်များစွာပါဝင်မည်ဖြစ်ပြီး ပထမထပ်တွင် ဌာပနာထားကာ ဌာပနာ ကိုလည်း အလှူရှင်များ ကြည့်မြင်နိုင်အောင်စီမံထားကြောင်း၊ ဉာဏ်တော်အမြင့် ၂၅၅ ပေ ၆ လက်မ ထားခြင်းမှာ ရောက်ရှိနေသည့် သာသနာတော်နှစ်ကို သိမြင်နိုင်အောင်ဖြစ်ကြောင်း ဘုရား၏ အမည် ကိုလည်း မြတ်စွာဘုရား၏ အမည်ရင်း ဂေါတမဗုဒ္ဓဟု အမည်ပေးထားသည့် အတွက် ဘုရားဖူးသူ များနှင့် ဆုတောင်း သူများအတွက်လည်း သက်တော် ထင်ရှားဘုရားရှင်ကို ရည်စူးပူဇော် နိုင်အောင် ယင်းကဲ့သို့ အမည်ပေး ခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားသို့ မော်လမြိုင်မှ ကားဖြင့်လာရောက် ဖူးမြော်နိုင်ပြီး (၁၃၉)ကီလိုမီတာ (၈၆.၄)မိုင် ကွာဝေးပါသည်။

You may also like