Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တောင်ဝိုင်းကုသိဏာရုံ ဗုဒ္ဓဝင်ဘုရားဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တောင်ဝိုင်းကုသိဏာရုံ ဗုဒ္ဓဝင်ဘုရားဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

by admin

မော်လမြိုင်   ဇွန်   ၂၈


မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင်ရှိသည့်  ဘုရား၊ စေတီပုထိုး များကို  ဘုရားဖူးပြည်သူများ   ကြည်ညိုသပ္ပာယ်စွာ  ဖူးမြော်နိုင်ရေး အတွက် ရောင်တော်ဖွင့်ခြင်း၊  ထုံးသင်္ကန်းကပ်လှူ   ပူဇော်ခြင်း၊ ပန်း ဆီမီးကပ်လှူခြင်း၊   ရင်ပြင်တော်နှင့်   စောင်းတန်းတို့တွင်   စုပေါင်း သန့်ရှင်းရေး   ပြုလုပ်ခြင်းတို့ကို   ဆောင်ရွက်လျက်ရှိရာ   ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည်  ယနေ့ နံနက်ပိုင်းက တောင်ဝိုင်းကုသိဏာရုံ ဗုဒ္ဓဝင်ဘုရားဝင်းအတွင်း ခြုံနွယ်များ၊ မြက်များ၊  အမှိုက်များအား ဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ဘုရားဝင်းသန့်ရှင်းသာယာလှပရေးအတွက်  စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။ 
 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ဝိုင်းဗုဒ္ဓဝင် ဘုရားဝင်းအတွင်း ဗုဒ္ဓဝင်ပြတိုက်၊ ဇာတ်တော်ကြီး(၁၀)ဘွဲ့၊ ကုသိဏာရုံဘုရား ရှေးဟောင်းသာသနိကအဆောက်အဦးများ၊  ပြန်လည်မွမ်းမံပြုပြင်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးပြီး ဗုဒ္ဓဝင်ဘုရားဝင်းအတွင်းရှိ ရှေးဟောင်းသာသနိက အဆောက်အဦးများအားရှေးမူမပျက် ပြန်လည်မွမ်းမံပြုပြင် ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြား၍ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းကုသိုလ်ယူ ဆောင်ရွက်ပေးခဲ့ကာ ဘုရားဝင်းအတွင်း ပြုပြင်မွမ်းမံနိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ်က ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

You may also like