မော်လမြိုင် ဇွန် ၂၈
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းတက်ရောက်နေကြသည် မွန်ပြည်နယ်(၁၀) မြို့နယ်မှ ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်မှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း(၁၀၀)ဦးတို့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ သင်တန်းနည်းပြများကသင်တန်းပို့ချနေမှုကိုသွားရောက်ကြည့်ရှုရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး(မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်နှင့်တာဝန်ရှိသူများမှ မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတွင် အီလက်ထရောနစ်စက်ကို အသုံးပြု၍ ကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲ ဖြစ်ပြီး မဲပေးစက်တည်ဆောက်ပုံ နည်းလမ်းများ ၊ စက်တပ်ဆင်ပုံ ၊ စမ်းသပ် မဲပေးပုံ ၊ ဖြန့်ခွဲပုံ ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေး စက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက်များ နှင့်အညီ ယခုသင်တန်းတွင် စနစ်တကျသင်ကြားပြသပေးမည့်အစီအစဥ်များကိုရှင်းလင်းပြောကြားပြီးပြည်နယ်ဝန်ကြီးချုပ်က ယခုမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်း နည်းပြဆရာဖြစ်သင်တန်း တက်ရောက်ခဲ့ကြသူများက ထပ်မံ၍ဆင့်ပွားသင်တန်းများ ပို့ချရမည်ဖြစ်သည့်အတွက် အလေးထားကြိုးစားသင်ယူကြရန် ၊ မကြာမီ ကျင်းပမည့်ရွေးကောက်ပွဲအား လွတ်လပ်၍တရားမျှတပြီး ဂုဏ်သိက္ခာရှိစွာ ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြား၍ သင်တန်းပို့ချနေမှုကိုကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ မော်လမြိုင်မြို့ပေါ်ရှိ အခြေခံကျောင်းများမှကျောင်းသားကျောင်းသူများအား ဝိမုတ္တိဉာဏဓမ္မဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ(မှော်ဘီ)မှ ဘဝတိုးတက်အောင်မြင်ရေးလူငယ်(၃)ရက်အထူးတရားပွဲ သို့သွားရောက်၍ (၃၈)ဖြာမဂ်လာတရားတော်၊ကိုယ်ကျင့်သီလ၊ တရားစခန်းသင်ကြားဖွင့်လှစ်ကျင်းပနေမှုကိုသွာရောက်ကြည်ညို ခဲ့ကြောင်းသိရှိရသည်။




