Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  မော်လမြိုင်မြို့၊ညောင်ပင်ဆိပ်တောရသာသနာရိပ်သာ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိဿုတမဟာထေရ်မြတ်၏ အဂ္ဂမဟာဝိသိဋ္ဌဂုဏပူဇာနှင့်သက်တော်(၆၂)နှစ်ပြည့် မွေးနေ့ကုသိုလ်မင်္ဂလာပွဲအခမ်းအနားတက်ရောက်   

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  မော်လမြိုင်မြို့၊ညောင်ပင်ဆိပ်တောရသာသနာရိပ်သာ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိဿုတမဟာထေရ်မြတ်၏ အဂ္ဂမဟာဝိသိဋ္ဌဂုဏပူဇာနှင့်သက်တော်(၆၂)နှစ်ပြည့် မွေးနေ့ကုသိုလ်မင်္ဂလာပွဲအခမ်းအနားတက်ရောက်   

by admin

မော်လမြိုင် ဇွန် ၂၅           
 
မော်လမြိုင်မြို့၊ညောင်ပင်ဆိပ်ရပ်ကွက်၊ ညောင်ပင်ဆိပ်တောရသာသနာရိပ်သာ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိဿုတမဟာထေရ်မြတ်၏ အဂ္ဂမဟာဝိသိဋ္ဌဂုဏပူဇာနှင့်သက်တော်(၆၂)နှစ်ပြည့် မွေးနေ့ကုသိုလ်မင်္ဂလာပွဲအခမ်းအနားကိုယနေ့မနက်ပိုင်းက အဆိုပါကျောင်တိုက်၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဖိတ်ကြားထားသူများ၊ တပည့်ဒကာများတက်ရောက်ကြည်ညိုကြသည်။
ဦးစွာဧည့်ပရိတ်သတ်အပေါင်းတို့ကဆရာတော် ဘဒ္ဒန္တဝိဿုတထံမှသီလတရားတော်မြတ်နာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ဘွဲ့တံဆိပ်တော်များနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ပြည်နယ်ဝန်ကြီးချုပ်မှ ဆရာတော်မွေးနေ့အထိမ်းအမှတ်ကိတ်ခွဲပေးခဲ့ကြောင်းသိရသည်။

You may also like