Home ကျိုက်ထိုမြို့နယ်

ကျိုက်ထိုမြို့နယ်

by admin

ဒေသသမိုင်းအကျဉ်း

ကျိုက်ထိုမြို့နယ်သည် မြန်မာသက္ကရာဇ် (၅၁၄) ခုနှစ်၊ ဟံသာဝတီ ပြည်ကို တည်ထောင် သည့်အခါ အရန်မြို့ (၃၂)မြို့တွင် မွန်ဘာသာဖြင့် “ကျိုက်ထုံ” ဟု ခေါ်တွင်ခဲ့ပြီး မြန်မာဘာသာဖြင့် “ဘုရားမြို့” ဟု အဓိပ္ပါယ် ရပါသည်။ မြို့ကို မြို့စား ဗျဂ္ဃက စတင်အုပ်ချုပ်ခဲ့ပြီး မောင်ဂုံ၊ ဒိုင်းဝန်းနှင့် ပုလဲဝန်တို့က မြို့စားအဖြစ် အုပ်ချုပ်ခဲ့ပါသည်။ မြန်မာအင်္ဂလိပ် ဒုတိယ ကမ္ဘာစစ်ပွဲပြီးနောက် ၁၈၅၂ ခုနှစ်တွင် သထုံ-ဒိစကြိတ်အောက် လွှဲပြောင်းပြီး သထုံခရိုင်ခွဲ နယ်ပိုင်ရုံးစိုက်ရာမြို့အဖြစ် တည်ရှိခဲ့ ပါသည်။

ကျိုက်ထိုမြို့နယ်သည် မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်းတွင်ရှိ၍ မွန်ပြည်နယ်၊ သထုံခရိုင်တွင် တည်ရှိပါသည်။ ကျိုက်ထိုမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၁၅ မိနစ်နှင့် ၁၇ ဒီဂရီ ၃၇ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၃ မိနစ်နှင့် ၉၇ ဒီဂရီ ၁၃ မိနစ်အကြားတွင် တည်ရှိပါသည်။ အကျယ်အဝန်းမှာ (၃၆၅.၇)စတုရန်းမိုင် ကျယ်ဝန်းပါသည်။

ကျိုက်ထိုမြို့နယ်အကြောင်း

အသေးစိတ်ဖတ်ရှုရန်