Home ကျိုက်ထိုမြို့နယ် ကျိုက်ပေါလောမှဲ့ရှင်ရုပ်ပွားတော်

ကျိုက်ပေါလောမှဲ့ရှင်ရုပ်ပွားတော်

by admin

ကျိုက်ပေါလော မှဲ့ရှင်ရုပ်ပွားတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ရှိသည်။ ကျိုက်ပေါလောဘုရား၊ ရုပ်ရှင်တော်ဘုရား၊ မှဲ့ရှင်တော်ဘုရား ဟူ၍လည်း ခေါ်ကြသည်။ (၄) ဘီစီခန့်တွင် အာသောကမင်း၏ သားတော် အရှင်မဟိန္ဒက သီရိလင်္ကာသို့ ဗုဒ္ဓဘာသာကို စတင်ယူဆောင်လာသည်။ ထိုအချိန်တွင် သီရိလင်္ကာကို အုပ်ချုပ်သောမင်းမှာ ဒေဝါနံပိယ တိဿမင်း ဖြစ်သည်။ တိဿမင်း၏ အကြံအရ အရှင်မဟိန္ဒ၏ ကြီးကြပ်မှုဖြင့် ပန်းပုဆရာတို့က ကရမက်သား ဗုဒ္ဓဆင်းတုလေးဆူ ထုလုပ်ပူဇော်သည်။ အဆိုပါဆင်းတုလေးဆူကို အရှင်မဟိန္ဒ၏ လမ်းညွှန်ချက်အရ သာသနာပြန့်ပွားရန်အလို့ငှာ သမုဒ္ဒရာအတွင်းသို့ မျှောစေသည်။ ကျွန်းတုံးဖြင့် မျှောသော တစ်ဆူမှာ ပုသိမ်မြို့အနီးသို့ ရောက်ရှိသည်ဟု ဆိုကြသည်။ သင်္ကန်းတုံးဖြင့်မျှောသော တစ်ဆူမှာ ကျိုက္ခမီ မြို့သို့ ကပ်ရာ ကျိုက္ခမီဘုရားဟူ၍ တည်ထားပူဇော်ကြသည်။ ပိန္နဲတုံးဖြင့် မျှောသော တစ်ဆူမှာ ထားဝယ်ဆိပ်ကမ်းသို့ ကပ်သည်။ ယခုမူ ရှင်မုတ္ထီးဘုရားဟု အမည်တွင်သည်။ ကျောက်ဘီးဖြင့်မျှောသော ကျန်တစ်ဆူမှာ ကျိုက်ထိုမြို့တောင် ဘက် ဆီးကုန်းချောင်း၌ ကပ်ကာ ကျိုက်ပေါလောဘုရား ဖြစ်လာသည်။

ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား

ကျိုက်ပေါလောမှဲ့ရှင်ရုပ်ပွားတော်မြတ်ကြီးအကြောင်း

You may also like