Home ဘာသာ၊ အနုပညာနှင့်ယဉ်ကျေးမူ မော်လမြိုင်မြို့၊ ငြိမ်းချမ်းသစ္စာနိမိန္ဒမျက်ရှင်​တော်​စေတီ​တော်မြတ်၊ ဌာပနာ​တော်များ ထည့်သွင်းပူ​ဇော်ပွဲအခမ်းအနား၊ မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

မော်လမြိုင်မြို့၊ ငြိမ်းချမ်းသစ္စာနိမိန္ဒမျက်ရှင်​တော်​စေတီ​တော်မြတ်၊ ဌာပနာ​တော်များ ထည့်သွင်းပူ​ဇော်ပွဲအခမ်းအနား၊ မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

by Mon Media

​မော်လမြိုင်မြို့၊ တောင်ဝိုင်း​တောင်၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်​တော်မူမည့် ငြိမ်းချမ်း သစ္စာနိမိန္ဒမျက်ရှင်​တော် ​စေတီ​တော်မြတ်၊ ဌာပနာ​တော်များ ထည့်သွင်းပူ​ဇော်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်​နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ​တောင်ဝိုင်း​တောင် ​စေတီ​တော်မြတ် ရင်ပြင်​တော်၌၊ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များ တက်​ရောက်သည်။
အခမ်းအနားတွင် ဆရာ​တော်၊ သံဃာ​တော်အရှင်သူမြတ်တို့ထံမှ သီလ​တော်မြတ်များ ခံယူ​ဆောက်တည်၍ မင်္ဂလာအချိန်တွင် ​ဆရာ​တော်ကြီးများမှ ဦးစီးအမှူးပြု၍ စေတီ​တော်မြတ်ကြီး၏ ဌာပနာ​တော်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ ပင့်​ဆောင်၍ ဌာပနာတိုက်အတွင်းသို့ ထည့်သွင်းပူ​ဇော်ခဲ့ကြသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကို ယ​နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဆရာ​တော်၊ သံဃာ​တော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်းနှင့် ဇနီး၊ အ​​ရှေ့​တောင်တိုင်း စစ်​ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင် ဧည့်ပရိသတ်များ တက်​ရောက်သည်။
ဦးစွာ ပရိယတ္တိဓမ္မဗိမာန်တော်ကြီးရှိ ဗုဒ္ဓရုပ်ပွား​တော်မြတ်ကို ဖူး​မြော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့အား ​ကပ်လှူပူ​ဇော်ခဲ့ကြသည်။
ထို့​နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခြင်း၊ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်းတို့ကို ​ဆောင်ရွက်ခဲ့ကြသည်။
အဲဒီ​နောက် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသထံသို့ ကထိန်လျာမြတ်သင်္ကန်းနှင့် ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်အ​ပေါင်းတို့က ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကထိန်အနုမောဒနာတရားနာယူ ကြည်ညို၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး အလှူ​တော်မင်္ဂလာ အခမ်းအနား ​အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ​ရွှေ​မိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကာ ဆရာ​တော်၊ သံဃာ​တော်များကို ​နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဌာနအသီသီးမှ အလှူရှင်များ၏ စု​ပေါင်း၍ ပ​ဒေသာပင် (၅၁) ပင်၊ ပစ္စည်းတန်ဖိုး (၁၃၆၃၈၅၄၀)ကျပ်၊ ​ငွေသား (၂၂၁၃၃၀၀၀) ကျပ်၊ စု​စု​ပေါင်း (၃၅၇၇၁၅၄၀) ကျပ်တို့အား လှူဒါန်းခဲ့ကြပြီး ရုံးဌာနများအလိုက် ​ကျောင်းတိုက်​တော်များသို့ မော်​တော်ယာဉ်များဖြင့် ဆက်လက်ပို့​ဆောင် ​လှူဒါန်းခဲ့ကြ​ကြောင်း သိရှိပါသည်။

You may also like