ေမာ်လမြိုင်၊ဇွန် ၁၃ (Pfizer)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း ထိုးနှံပေးခြင်း ဆောင်ရွက်ပေးနေမှုကိုမွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရာမညခန်းမ၌ ဇွန်လ(၁၃)ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်း များနှင့်မိသားစုဝင်များအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက (Pfizer)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရူ့ အားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေး လာရောက်ထိုးနှံပေးသည့် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။


