Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းချောင်းဆုံမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်း  ဆင့်ပွား သင်တန်းဖွင့်လှစ်သင်​​ကြား​နေမှုကြ.ည့်ရှုအားပေး

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းချောင်းဆုံမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်း  ဆင့်ပွား သင်တန်းဖွင့်လှစ်သင်​​ကြား​နေမှုကြ.ည့်ရှုအားပေး

by admin

မော်လမြိုင်     ဇူလိုင် ၂၂

          မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်  အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြုခြင်း ဆင့်ပွားသင်တန်းကို ကျွန်းသာယာခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အဖွဲ့ သည်  သွားရောက်ကြည့်ရှုအားပေးသည်။   ဦးစွာ ပြည်နယ်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြများက မြန်မာအီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ ပါဝင်သည့် ဆက်စပ်ပစ္စည်းများနှင့် မဲပေးစက်များစစ်ဆေးခြင်း၊ အီလက်ထရောနစ်မဲပေး စက်လက်တွေ့တပ်ဆင်လေ့ကျင့်ခြင်း၊  လက်တွေ့သရုပ်ပြခြင်းများ၊ သင်ခန်းစာများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခြင်း၊ လက်တွေ့ကိုင်တွယ်လေ့ကျင့်ခြင်းတို့အား သင်တန်းပို့ချပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတွင် အီလက်ထရောနစ်စက်ကို အသုံးပြု၍ ကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲ ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက် ကိုင်တွယ်မည့်သူများ စနစ်တကျ ကိုင်တွယ်နိုင်ရေးအတွက် စနစ်တကျ သင်ကြားသွားကြရန်လိုကြောင်းပြောကြားခဲ့သည်။ ယင်းနောက်ပြည်နယ်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများမှ တက်ရောက်လာကြသူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြုပုံများအား ရှင်းလင်းပြသခဲ့သည်။

  အဆိုပါသင်တန်းတွင် အခြေခံပညာဦးစီးဌာနမှ သင်တန်းသား/သူ (၃၈၆)ဦးတို့အား သင်တန်းနည်းပြ (၇)ဦးတို့မှ တစ်ရက်လျှင် သင်တန်းသား အယောက်(၁၀၀)နှုန်းဖြင့် ဇူလိုင်လ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၄)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

You may also like