မော်လမြိုင် ဇူလိုင် ၁၆
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၁၆ရက်နေ့ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာရှိ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မတီမှ ခွင့်ပြုထားသော ဖက်စပ် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းဖြစ်သည့် Singaporeနိုင်ငံ SRI TRANG Co. Ltd နှင့် ဧရာဟသ်ာ ကုမ္ပဏီတို့အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ခရမ့်ရော်ဘာစက်ရုံသို့ ရောက်ရှိပြီး ဦးစွာ ရှင်းလင်းဆောင်တွင် လက်ထောက်စက်ရုံမှူး ဒေါ်မြကဗျာဟိန်းက စက်ရုံလည်ပတ်မှု အခြေအနေနှင့် ပြည်ပ တင်ပို့မှုအခြေအနေ၊ ရော်ဘာပြားကုန်ကြမ်း ရရှိမှုအခြေအနေတို့အား power pointဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက SRI TRANG Co. Ltd ခရမ့်ရော်ဘာစက်ရုံ လည်ပတ်မှုအတွက် လျှပ်စစ်မီးရရှိမှ၊ သုံးစွဲမှုအခြေအနေနှင့် မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာ စိုက်ပျိုးမှု အများဆုံး ဒေသတစ်ခုဖြစ်ပြီး စိုက်ဧကပေါင်း (၅)သိန်းကျော်စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ပြည်တွင်း၊ ပြည်ပမှ ရော်ဘာအခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်း ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်း ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရန် အတွက် အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကောင်းမွန်သော စီးပွားရေး အခြေအနေကောင်းများ ပေါ်ထွန်း လာစေရေးနှင့် ပြည်သူများ စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုကြောင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် SRI TRANG Co. Ltd ခရမ့်ရော်ဘာစက်ရုံ လည်ပတ်မှု အခြေအနေနှင့် ပြည်ပတင်ပို့ကုန် ရော်ဘာထုတ်လုပ်မှုတို့အား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကာ လက်ထောက်စက်ရုံမှူးနှင့် စက်ရုံမန်နေဂျာတို့က စက်ရုံလည်ပတ်မှုနှင့် ရော်ဘာအချောထည် အဆင့်ဆင့်ထုတ်လုပ်မှု၊ ပြည်ပတင်ပို့ကုန်အဖြင့် ထုတ်ပိုမှုအခြေအနေ တို့အား လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်မြို့ စမ်းကြီး အင်းဝိုင်းရပ်ရှိ ခေတ်ဦး ပန်းထိုးစက်ရုံသို့ သွားရောက်ပြီး စက်ရုံပိုင်ရှင်နှင့် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် အားပေးကူညီဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းရက်ကန်းလုပ်ငန်းများအတွက် အဆင့်မြင့် အရည်အသွေးပြည့်မီသော ချည်ထည်များ ထုတ်လုပ်နိုင်ရန်၊ အထည်ရက်လုပ်ငန်းများအတွက် လိုအပ်သည့်ချည်များကို ပြည်ပမှတင်သွင်းမှုကို လျော့ချပြီး ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ပေးရန်၊ အရည်အသွေး၊ ထုပ်ပိုးမှုစနစ်ကောင်းမွန်ပြီး ဈေးနှုန်းသက်သာစွာ ရောင်းချနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားပြီး စက်ရုံအတွင်းရှိ ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါခြံအတွင်းကျွဲကောပင်တန်းကြားကွမ်းသီးပင်များအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကိုလိုက်လံကြည့်ရှုစစ်ဆေးကာလိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။






