Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်မရောမြို့နယ်၌ ကြဲခင်းစနစ်လျှော့ချရေးအတွက် မျိုးစေ့ချကိရိယာ DrumSeeder ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် RS-CS မျိုးစေ့ထုတ် အကျိုးဆောင် တောင်သူများအား သွင်းအားစုချီးမြှင့် ပေးအပ်ခြင်း အခမ်းအနားနှင့် မုဒုံမြို့နယ် တာပသွန်ကျေးရွာအုပ်စု၊ Sen Hui Yuan Co. Ltd ရာဘာသစ်ခွဲသားစက်ရုံသို့ ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်မရောမြို့နယ်၌ ကြဲခင်းစနစ်လျှော့ချရေးအတွက် မျိုးစေ့ချကိရိယာ DrumSeeder ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် RS-CS မျိုးစေ့ထုတ် အကျိုးဆောင် တောင်သူများအား သွင်းအားစုချီးမြှင့် ပေးအပ်ခြင်း အခမ်းအနားနှင့် မုဒုံမြို့နယ် တာပသွန်ကျေးရွာအုပ်စု၊ Sen Hui Yuan Co. Ltd ရာဘာသစ်ခွဲသားစက်ရုံသို့ ကွင်းဆင်းကြည့်ရှု

by admin

မော်လမြိုင် ဇူလိုင် ၈                                         

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ (၈) ရက်နေ့ နံနက်ပိုင်းက ကျိုက်မရောမြို့နယ်၊ ကျုံစိန်ကျေးရွာ တောင်သူဦးငွေရလယ်မြေ၌ ကျင်းပပြုလုပ်သည့် ကြဲခင်းစနစ်လျှော့ချရေးအတွက် မျိုးစေ့ချကိရိယာ DrumSeeder ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် RS-CS မျိုးစေ့ထုတ် အကျိုးဆောင် တောင်သူများအား သွင်းအားစုချီးမြှင့် ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ဦးစွာ ကျိုက်မရောမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက ကျိုက်မရောမြို့နယ်၏ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု အခြေအနေများအား ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တစ်ဧကအထွက်နှုန်းများ တိုးတက်ရန်အတွက်  မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ကို အခြေခံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  ယခုနှစ်သည် ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးခြင်းပပျောက်စေရေးအတွက်  ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ကြဲခင်းများ လျော့နည်းစေရေးအတွက် လက်ဆွဲကောက်စိုက်စက်၊ ကောက်စိုက်စက်၊  စပါးမျိုးစေ့ချကိရိယာ (Drum Seeder)များနှင့် ပျိုးထောင်စိုက်ပျိုးခြင်းများ စိုက်ပျိုးဆောင်ရွက်ခဲ့ပါကြောင်း၊  ပန်းတိုင်အထွက်နှုန်းများ ရောက်ရှိစေရေး၊ သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအားတိုးတက် စေရေးအတွက် တောင်သူဦးကြီးများက တက်ညီလက်ညီ ဝိုင်းဝန်းပံ့ပိုးပေးကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက RS-CS မျိုးစေ့ထုတ် အကျိုးဆောင် တောင်သူများအား သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဒေသခံ တောင်သူများမှ စိုက်ပျိုးရေအား နည်းလမ်းပေါင်းစုံမှ ရရှိနိုင်ရေး၊ကုန်ထုတ်လမ်းဖောက်လုပ် ဆောင်ရွက်ပေးစေလိုမှု၊ ဆိုလာရေတင်စနစ် ဆောင်ရွက်ပေးစေလိုမှု၊ တိမ်ကောနေသော ချောင်းမြောင်းများပြန်လည်တူးဖော်နိုင်ရေး၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့်သွင်းအားစုများအား သက်သာသောနှုန်းထားဖြင့်ဝယ်ယူရရှိလိုမှု အခြေအနေများအား တင်ပြတောင်းခံခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး၍ Seeder စနစ်ဖြင့် တိုက်ရိုက်မျိုးစေ့ချ ဆောင်ရွက်နေမှုနှင့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများအား သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ အချိန်ကိုက်အချိုးကျ ကြဲပက်‌‌ေနမှုအား ကွင်းဆင်း ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မုဒုံမြို့နယ် တာပသွန်ကျေးရွာအုပ်စု၊ Sen Hui Yuan Co. Ltd ရာဘာသစ်ခွဲ သားစက်ရုံသို့ ရောက်ရှိပြီး ဦးစွာ ရှင်းလင်းဆောင်တွင် စက်ရုံမှူး ဦးတင်မင်းက မွန်ပြည်နယ်ရင်းနှီးမြှပ်နှံမှုကော်မတီမှ ခွင့်ပြုထားသော အမေရိကန်ဒေါ်လာ ၂.၃၂ သန်း ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီး မြှပ်နှံမှုလုပ်ငန်းဖြစ်သည့် Sen Hui Yuan Co. Ltd ရာဘာသစ်ခွဲသားစက်ရုံ လည်ပတ်မှု အခြေအနေများအား power pointဖြင့် ရှင်းလင်းတင်ပြ၍ ပြည်နယ် ဝန်ကြီးချုပ်က Sen Hui Yuan Co. Ltd ရာဘာသစ်ခွဲ သားစက်ရုံလည်ပတ်မှုအတွက် မွန်ပြည်နယ်အတွင်း ကုန်ကြမ်းရရှိစေရေး၊လျှပ်စစ်မီးရရှိမှု အခြေအနေနှင့် ရော်ဘာပင်အိုများအား ခုတ်လှဲပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ရော်ဘာသစ်၊ ပရိဘောဂ၊ သစ်ပါးလွှာ၊ အထပ်သားလုပ်ငန်းများ ထုတ်လုပ်စေရေးတို့ကိုမှာကြားသည်။ ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Sen Hui Yuan Co. Ltd ရာဘာသစ်ခွဲသားစက်ရုံ အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူး ဦးတင်မင်းမှ စက်ရုံလည်ပတ်မှုနှင့် ရာဘာသစ်ခွဲသား အဆင့်ဆင့်ထုတ်လုပ်မှု အခြေအနေတို့အား လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည်။ 

You may also like