Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ (၄/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေး၊ Rubber Wood ကုမ္ပဏီများမှ ပင်အိုခုတ်လှဲခွင့်ရ တောင်သူများသို့ ရော်ဘာပျိုးပင် ပေးအပ်ခြင်း အခမ်းအနားနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် သရုပ်ပြဆောင်ရွက်မှုအခမ်းအနားသို့တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ (၄/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေး၊ Rubber Wood ကုမ္ပဏီများမှ ပင်အိုခုတ်လှဲခွင့်ရ တောင်သူများသို့ ရော်ဘာပျိုးပင် ပေးအပ်ခြင်း အခမ်းအနားနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် သရုပ်ပြဆောင်ရွက်မှုအခမ်းအနားသို့တက်​ရောက်

by admin

မော်လမြိုင်၊ ​ဇွန် ၁၃

မွန်ပြည်နယ်အ​နေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ကို မီးခိုးမထွက်ဘဲ အခွန်ငွေရှာဖွေ ပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ  (၄/ ၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ​ဇွန်လ ၁၂ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​​ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်​ရောက်သည်။

အစည်းအ​ဝေးတွင် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ပေးသကဲ့သို့ မိမိတို့ဒေသသို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ လာရောက်ခြင်းဖြင့် ဒေသတွင်း ငွေကြေးလည်ပတ်မှု ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ပြီး လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ဒေသသာယာလှပရေး၊ တည်းခိုသည့်နေရာ၊ ဒေသထွက်အစားအသောက်များကို အဆင့် မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို ကျန်းမာရေး ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စဉ်ဆက်မပြတ် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသများတွင် လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး များကို ဦးစားပေး ကဏ္ဍတစ်ရပ်အနေနှင့် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အကြံဉာဏ်ကောင်းများနှင့် အခက်အခဲ များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဟိုတယ်များအား အမျိုးသားအဆင့် National Level (HSP) အသိအမှတ်ပြု တံဆိပ် ​ရရှိခဲ့သည့် မွန်ပြည်နယ်အတွင်းရှိ သီဝဟိုတယ်၊ ​ကောင်းလာဒ်ဟိုတယ်နှင့် ရွှေနှင်းဆီမိုတယ် တို့အား အသိအမှတ်ပြုတံဆိပ်များ ​ပေးအပ်ချီးမြှင့်ခဲ့သည်။

အဲဒီ​နောက် ပြည်နယ်ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြား​ရေးမှူး ဦးဇေယျာထွန်းမှ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း​ ဖွံဖြိုးတိုးတက်​ရေး ​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများအား လည်း​ကောင်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၊ ဧည့်လမ်းညွှန်လုပ်ငန်းများလိုင်စင်သက်တမ်းတိုး အ​​ခြေအ​နေများအား လည်း​ကောင်း ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးများနှင့် ​ကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်​ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဖြည်းဆည်း ဆောင်ရွက်​ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား​ပြောကြားခဲ့​ကြောင်း သိရှိရပါသည်။                     မွန်ပြည်နယ် မုဒုံမြို့နယ်တွင်  Rubber  Wood  ကုမ္ပဏီများမှ ပင်အိုခုတ်လှဲခွင့်ရ တောင်သူများသို့ ရော်ဘာပျိုးပင်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ

က နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ)၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ နိုင်ငံတော်အတွက် စီးပွားရေး

အရ အရေးပါသော ရော်ဘာကို ပြည်နယ်တွင်း တိုးချဲစိုက်ပျိုးလျက်ရှိပြီး   မြန်မာနိုင်ငံ၏ ရော်ဘာစိုက်ဧရိယာများအနက် မွန်ပြည်နယ်သည်  ရော်ဘာစိုက်ဧက အများဆုံးဒေသဖြစ်ရာ ( ၂၀၂၄-၂၀၂၅ )ခုနှစ်တွင် စိုက်ဧက ငါးသိန်းကျော် စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း ၊ ၂၀၂၄-၂၀၂၅ခုနှစ် တွင် တောင်သူပေါင်း (၂၀၆)ဦး၏ ရော်ဘာပင်အို (၁၃၁၉)ဧက အား ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ခုတ်လှဲခွင့် ပြုခဲ့ပြီး အဆိုပါ ဧကများအပေါ်  အထွက်ကောင်းသော ရော်ဘာမျိုး (BPM 24)မျိုး ပျိုးပင်များအား Rubber Wood ကုမ္ပဏီများ၏ အစီအစဉ်ဖြင့် (၄၂,၄၀၃)ပင်အား အခမဲ့ ဖြန့်ဖြူးပေးသွားမှာဖြစ်ကြောင်း ပြည်နယ်၏

စိုက်ဧရိယာများတွင် (၉၀)ရာခိုင်နှုန်းသည် ဒေသခံတောင်သူ ရော်ဘာခြံရှင်ငယ်များဖြစ်သည့် အတွက် ရော်ဘာစိုက်ပျိုးမှု အထွက်နှုန်းတိုးတက်ရေး၊ အရည်အသွေးမြင့်မားရေး၊ တည်ငြိမ်သောစျေးနှုန်းရရှိစေရေးတို့အတွက် သက်ဆိုင်ရာများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။

ထို့နောက်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရော်ဘာပင်အိုခုတ်လှဲခွင့်ရ တောင်သူများထံသို့ ရော်ဘာ ပျိုးပင်များ ပေးအပ်ခဲ့ပြီး  ရော်ဘာစိုက်တောင်သူ တစ်ဦးက ကျေးဇူတင်စကား ပြန်လည် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံအတွင်းရော်ဘာ ပျိုးပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထိုမှတစ်ဆင့် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ မြိုင်ရတနာလေးထပ်ဈေးနှင့်မွန်​ပြည်နယ်အစိုးရအဖွဲ့ရုံးတို့တွင်ကျင်းပပြုလုပ်သည့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် သရုပ်ပြဆောင်ရွက်မှုအခမ်းအနားသို့တက်ရောက်ရာ ရှေးဦစွာ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့ အပါအဝင် နိုင်ငံရဲ့အဓိကမြို့ကြီးတွေမှာ နေ့စဉ်စွန့်ပစ်အမှိုက် ထွက်ရှိမှု သိသိသာသာ များပြားလျက်ရှိကာ “စွန့်ပစ်ပစ္စည်း စီမံ ခန့်ခွဲမှု” နဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေကို ရေရှည်မှာ ပိုမိုရင်ဆိုင် ကြုံတွေ့နေရကြောင်း၊ စွန့်ပစ်အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်မှု မရှိခြင်းဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ ဖြစ်ပေါ်စေပြီး မြေဆီလွှာ၊ မြစ်ချောင်း နဲ့ ရေအရင်းအမြစ်တွေအပေါ်မှာလည်း ဆိုးကျိုးတွေ သက်ရောက် စေမှာ ဖြစ်သည့်အတွက်ဒီလိုဆိုးကျိုးတွေကို တားဆီးကာကွယ်နိုင်ဖို့ စွန့်ပစ်အမှိုက်တွေ ကို စနစ်တကျ ခွဲခြားစွန့်ပစ်ဖို့လိုပြီး ဒီလိုဆောင်ရွက်မှသာ မိမိတို့ရဲ့ ကျောင်းပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည် သန့်ရှင်းတဲ့ကျောင်းပတ်ဝန်းကျင်မှာ စာပေသင်ကြားခြင်းဖြင့် ကျောင်းနေပျော်၍ စာတော်ကြတဲ့ လူရည်ချွန် ကျောင်းသူ/သားများ ဖြစ်ထွန်းလာနိုင်မှာ ဖြစ်ကြောင်းပြောကြားသည်။ထို့နောက် မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းအကြောင်း သိကောင်းစရာများ အား ရှင်းလင်းတင်ပြကာတက်ရောက်လာကြသည့်ကျောင်းသား/သူများက အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်ခြင်း အမှိုက်စို (Wet Waste) အတွက် အမှိုက်ပုံး အစိမ်းရောင်၊အမှိုက်ခြောက် (Dry Waste) အတွက် အမှိုက်ပုံး အဝါရောင်၊ ပလတ်စတစ်အမှိုက် (Plastic Waste) အတွက် အမှိုက်ပုံး အပြာရောင်၊ ဘေးအန္တရာယ်ရှိအမှိုက် (Hazardous Waste) အတွက် အမှိုက်ပုံး အနီရောင် တိုတွင်သရုပ်ပြသဆောင်ရွက်ကြသူများအား ပြည်နယ်ဝန်ကြီးချုပ်က ဗလာစာအုပ်များချီးမြှင့်ပေးအပ်ကာရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိုင်ရတနာလေးထပ်စျေး၌ စေျးသူ စေျးသားများနှင့်တွေ့ဆုံ၍ ဝန်ကြီးချုပ်က ဈေးများတွင် စွန့်ပစ်အမှိုက်တွေကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်း မရှိခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ပေါ်စေပြီး မြေဆီလွှာ၊ မြစ်ချောင်း နဲ့ ရေအရင်းအမြစ်တွေအပေါ်မှာလည်း ဆိုးကျိုးတွေ သက်ရောက် စေမှာ ဖြစ်ပြီး စွန့်ပစ်အမှိုက်များ စုပုံစွန့်ပစ်ထားသည့်နေရာများမှ ထွက်ရှိလာသည့်ရေဆိုး  စွန့်ပစ် ပစ္စည်းတွေကို လဟာပြင်မှာ မီးရှို့ခြင်းကြောင့်လည်း မြေထု၊ ရေထု၊ လေထုတွေကို ညစ်ညမ်းစေပြီး ပြည်သူတွေရဲ့ ကျန်းမာရေးကို သိသိသာသာ ထိခိုက်စေမှာ ဖြစ်ကြောင်း၊ စနစ်တကျ စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဟာ နိုင်ငံကြီးသား ပီသသည့်လုပ်ရပ်ဖြစ်ပြီး နေထိုင်ရာ ပတ်ဝန်းကျင်ကိုပါ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းကာကွယ်ရာလည်း ရောက်ကာ စိမ်းလန်းစိုပြည်တဲ့ ကမ္ဘာမြေကို နောင်မျိုးဆက်သစ် များကို လက်ဆင့်ကမ်းပေးနိုင်မှာ ဖြစ်၍ ဈေးသူ/ဈေးသားများအနေနဲ့ အထူး အလေးထား လိုက်နာမှတ်သားကြကာ မိမိတို့၏ဈေးကြီး သန့်ရှင်း သာယာလှပအောင် လိုက်နာဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။ ထို့နောက် မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အမှိုက်ခွဲခြားစွန့်ပစ်ခြင်းအကြောင်း သိကောင်းစရာများ အား ရှင်းလင်းတင်ပြကာစေျးသူ/သားများကအမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်​ခြင်းသရုပ်ပြဆောင်ရွက်နေမှုအားကြည့်ရှုအား​ပေးခဲ့သည်။အလားတူမွ​န်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ အထေွထေွအုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းများကအမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် သရုပ်ပြဆောင်ရွက်မှုများကိုလိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။   

You may also like