မော်လမြိုင်၊ ဇူလိုင်လ ၃၁
မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းက သထုံ မြို့နယ်၊ ဇရစ်ချောင်ကျေးရွာ အမှတ်(၉)စစ်အခြေခံလေ့ကျင့်ရေးတပ်၊စစ်ရေးပြကွင်း၌ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊အတွင်းရေးမှူး၊ ပြည်နယ်အုပ်ရေးမှူး ဦးဥာဏ်လင်းထွေး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၉)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ အရာရှိအရာခံများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်သည်။ရှေးဦးစွာ အမှတ်(၉)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီး စိုးလင်းထွန်းမှ သင်တန်းသားများ၏အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ဖွဲ့အား လှည့်လည်စစ်ဆေးသည်။ဆက်လက်ပြီးသင်တန်းတွင်ထူးချွန်ဆုရရှိသည့် သင်တန်းသားများအားဆုများ ပေးအပ်ကာ သင်တန်းသားများမှ ကတိသစ္စာခံယူကြသည်။ ယင်းနောက် ကျောင်းအုပ်ကြီးကသင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၃) သင်တန်းဆင်းသင်တန်းသားများကတန်းစိတ်ပုံစံ စစ်ကြောင်းပုံစံဖြင့် အမှတ်(၉)စစ်အခြေခံလေ့ကျင့်ရေးတပ်၊ တပ်မှူး ဗိုလ်မှူးကြီး စိုးလင်းထွန်းအားချီတက်အလေးပြုကာကွင်းအတွင်းမှပြန်လည်ထွက်ခွာကြသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဆင်း သင်တန်းသားများ၊ သင်တန်းသားများ၏ မိဘ ညီအစ်ကို မောင်နှမများ ကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကားများပြောကြား ခဲ့ကြောင်းသိရသည်





