Home ဘာသာ၊ အနုပညာနှင့်ယဉ်ကျေးမူ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- ​သံဖြူဇရပ်မြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး အုတ်မြစ်ချ မင်္ဂလာအခမ်းအနား တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- ​သံဖြူဇရပ်မြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး အုတ်မြစ်ချ မင်္ဂလာအခမ်းအနား တက်​ရောက်

by Mon Media

မော်လမြိုင်၊ နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၏ အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်​​နေ့၊ နံနက်ပိုင်းက သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်၊ (၁၆၀) ​ပေ၊ (၈၀) ​ပေ (၄) ထပ် သာသနာ့ဗိမာန်တော်ကြီး တည်​ဆောက်မည့် ​မြေ​နေရာ၌ ကျင်းပပြုလုပ်ရာ ဆရာ​တော်၊ သံဃာ​တော်အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ​၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက််​ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော်၊ မွန်ပြည်နယ် ထူးချွန်မှုဂုဏ်ထူးဆောင်၊ မင်္ဂလဓမ္မသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သီလာစာရထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကာ အန္တရာယ်ကင်း ပရိတ်တော်များ နာယူကြည်ညိုခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းများ ​ဆောင်ရွက်ခဲ့ကြသည်။
ထို့​နောက် ကျိုက္ခမီမြို့ ၊ အလယ်ကျောင်း ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ နန္ဒသာရထံမှလှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။
အဲဒီ​နောက် သာသနာ့ဗိမာန် ဆောက်လုပ်မည့် မြေနေရာရှိ အရပ်ရှစ်မျက်နှာ၌ ဆရာ​တော်ကြီးများက ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ သတ်မှတ်ထား​သော​နေရာများတွင် ​နေရာယူကြပြီး မင်္ဂလာအချိန်တွင် သာသနာ့ဗိမာန်တော်ကြီးကို ​အုတ်မြစ်​တော်ချခဲ့၍ အ​မွေးနံ့သာရည်များ ပတ်ဖျန်းခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။
အဆိုပါ သံဖြူဇရပ်မြို့၊ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးကို ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရန်ပုံ​ငွေ ကျပ် (၂၉၀) သန်းဖြင့် ​Fondation အပိုင်းကို​ဆောင်ရွက်ခဲ့ပြီး ​စေတနာရှင်၊ အလှူရှင်များမှ စု​ပေါင်းလှူဒါန်းမှုဖြင့် (၁၆၀) ​ပေ၊ (၈၀) ​ပေ (၄) ထပ် သာသနာ့ဗိမာန်တော်ကြီး ဆက်လက်တည်​ဆောက်သွားမည်ဖြစ်​ကြောင်း သိရှိရပါသည်။

You may also like