Home ဘာသာ၊ အနုပညာနှင့်ယဉ်ကျေးမူ သမိုင်းဝင် ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော်၊ ထီး​တော် ပြန်လည်တင်လှူပူ​ဇော်နိုင်​ရေး အလှူ​ငွေများလှူဒါန်း၊ မွန်ပြည်နယ်မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး (၁/ ၂၀၂၂) တက်​ရောက်

သမိုင်းဝင် ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော်၊ ထီး​တော် ပြန်လည်တင်လှူပူ​ဇော်နိုင်​ရေး အလှူ​ငွေများလှူဒါန်း၊ မွန်ပြည်နယ်မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး (၁/ ၂၀၂၂) တက်​ရောက်

by Mon Media

မော်လမြိုင်၊ စက်တင်ဘာ ၂၅
သာသာ၊ သာသနာ​ ရောင်ဝါထွန်းလင်း​တောက်ပသည့် မွန်ပြည်နယ်တစ်ခွင်မှာ တန်းခိုးကြီး ဘု​ရား​စေတီပုထိုးများစွာတည်ရှိပြီး ပေါင်မြို့နယ်၊ မုတ္တမ ​တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်​တော်မူ​သော ​ရှေး​ဟောင်းဘုရား (၁၆) ဌာန သမိုင်းဝင် ဆံ​တော်ရှင်များ ကိန်းဝပ်စံပယ်​တော်မူ​​သော ​စေတီ​တော်များအနက်မှ သမိုင်းဝင် ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော်၊ ထီး​တော် ပြန်လည်တင်လှူပူ​ဇော်နိုင်​ရေးအတွက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်​နေ့၊ သီတင်းကျွတ်လဆန်း (၁) ရက်​နေ့၊ နံနက်ပိုင်းက ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာ​တော်၊ သံဃာ​တော် အရှင်သူမြတ်များမှ ဦးစီးအမှူးပြု၍ ဧည့်ပရိသတ်အ​ပေါင်းတို့မှ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်မူအပ်သော ပရိတ် တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကာ စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော်၊ ထီး​တော် ပြန်လည်တင်လှူပူ​ဇော်နိုင်​ရေးအတွက် သာသနာ​ရေးရာများ ​လျှောက်ထား၍ အပူ​ဇော်ခံထားရှိရာ ဓမ္မာရုံ​တော်ပို့ ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များဖြစ်​ကြ​သော မဏိဇောတဓရ ဦးလှထွန်းမိသားစု၊ ​စေတနာရှင် အလှူရှင်များ၊ တာဝန်ရှိသူများမှ ပင့်​ဆောင်ပူ​ဇော်ကြသည်။
ထို့​နောက် သမိုင်းဝင် ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော်၊ ထီး​တော် ပြန်လည်တင်လှူပူ​ဇော်နိုင်​ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ​စေတနာရှင်၊ အလှူရှင်များ၊အများပြည်သူများက အလှူ​ငွေများ ထည့်ဝင်လှူဒါန်းကြမှုအ​ပေါ် လက်ခံ၍ လှူဒါန်းမှု အစုစု အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။
မွန်ပြည်နယ်တွင် ​ပေါင်မြို့နယ် သမိုင်းဝင် ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော်၊ ထီး​တော် ပြန်လည်တင်လှူပူ​ဇော်ခြင်းကို လာမည့် ၂၀၂၃ ခုနှစ်၊ ပြာသိုလပြည့်​နေ့တွင် လည်း​ကောင်း၊ သထုံမြို့နယ်ရှိ အလံတစ်ရာ ​စေတီ​တော် ထီ​တော်တင်လှူခြင်းကို တပို့လပြည့်​နေ့တွင် လည်း​ကောင်း၊ သထုံ​ရွှေစာရံ​တော် ထီ​တော်တင်လှူခြင်းနှင့် လုံး​တော်ပြည့်​ရွှေသင်္ကန်းကပ်လှူ ပူ​ဇော်ခြင်းကို တ​ပေါင်းလပြည့်​နေ့တို့တွင် လည်း​ကောင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါ​ကြောင်း သိရှိရသည်။

မွန်ပြည်နယ်အ​နေဖြင့် မြေအသုံးချမှုစီမံခန့်ခွဲခြင်း၊ မြေခွဲဝေချထားခြင်းနှင့် မြေအသုံးချမှု စီမံကိန်းလုပ်ငန်းစဉ်များ အရည်အသွေး ကောင်းမွန်စေခြင်းတို့ကို ရည်ရွယ်၍ မြေအသုံးချမှု မူဝါဒကို အကောင်အထည်ဖော်​ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး (၁/ ၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်​နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်းက နိုင်ငံတော်၏ ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ၊ မြေအသုံးချမှု စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် မြေအသုံးချမှုနှင့် စပ်လျဉ်း၍ အသုံးချမည့်မြေပမာဏ လျာထားဆုံးဖြတ်ရာတွင် တိကျမှန်ကန်သည့် သတင်းအချက်အလက်ကို အကျိုးသက်ဆိုင်သူများအား ပွင့်လင်းမြင်သာစွာ သိရှိစေရေး​ဆောင်ရွက်ရာတွင် ချမှတ်ထားသည့် ​မြေအသုံးချမှု မူဝါဒများနှင့်အညီဖြစ်​စေ​ရေး အ​လေးထား​ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား​မြေပုံစနစ် (One Map Myanmar) ​ရေးဆွဲပြုစုရန်အတွက် ပြည်သူများကိုးကားနိုင်မည့် ကိန်းဂဏန်းအချက်အလက်များကို သက်ဆိုင်ရာဌာနများနှင့် ပူး​ပေါင်း၍ ​ပြုစုဆောင်ရွက်​ပေးရန်လို​ကြောင်း၊ ပြည်နယ်အတွင်း ယဉ်​ကျေးမှုအ​မွေအနှစ်နှင့် ​ဂေဟစနစ်များ ထိန်းသိမ်း​ရေးအတွက် သဘာဝ ထိန်းသိမ်း​ရေးနယ်​မြေအဖြစ်၊ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်​တောများ၊ ​ဘေးမဲ့​တောများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေး ဧရိယာများကို ဖွဲ့စည်းသတ်မှတ်ပြီး ထိန်းသိမ်း​စောင့်​ရှောက်ကြရမည်ဖြစ်​ကြောင်း၊ အများပြည်သူများ မြေအသုံးချခြင်း၊ မြေလုပ်ပိုင်ခွင့်ချထားခြင်းနှင့် အခြားနည်းအသုံးပြုခြင်းတို့နှင့် စပ်လျဉ်း၍ တရားဝင်အခွင့်အရေး ရရှိစေ​ရေးနှင့် မြေ အငြင်းပွားမှုများကို လွယ်ကူစွာဖြေရှင်းနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် တိကျသောနယ်နိမိတ် မြေပုံများရေးဆွဲရာတွင် ​မြေကြီး​မြေပုံစနစ်၊ မြေအမျိုးအစားသတ်မှတ်သည့် စနစ် ထားရှိကျင့်သုံးနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူး​ပေါင်း ​ဆောင်ရွက်​ပေးကြရန် ​ပြောကြားသည်။
အဲဒီ​နောက် ပြည်နယ်မြေအသုံးချမှုကော်မတီအတွင်း​ရေးမှူး၊ သစ်​တောဦးစီးဌာန၊ ပြည်နယ်ညွှန်ကြား​ရေးမှူးမှ ​မြေအသုံးချမှု မူဝါဒအရ ​မြေအသုံးချမှုနှင့် လုပ်ကိုင်ခွင့်များ ဆောင်ရွက်ပြီးစီးမှု၊ မြေအသုံးချမှုကော်မတီအဆင့်ဆင့် ဖွဲ့စည်း​ဆောင်ရွက်ပြီးစီးမှုနှင့် ယင်းတို့၏လုပ်ငန်းတာဝန်များ ​၊ သစ်တောဖုံးလွှမ်းမှုနှင့် သစ်တောမြေ တိုးချဲ့ဖွဲ့စည်းရန်လျာထား ဆောင်ရွက်မှုများ၊ လယ်ယာမြေ လုပ်ပိုင်ခွင့် ​လျှောက်ထားမှုနှင့် စက်ရုံစုဧရိယာများ ​ဖော်​ဆောင်​နေမှုအ​ခြေအ​နေတို့အား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးများနှင့် ​ကော်မတီဝင်များမှ ဖြည့်စွက်​ဆွေး​နွေးခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးသည်။

You may also like