Home စီးပွားရေး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) တက်​ရောက်

by Mon Media

မော်လမြိုင်၊ စက်တင်ဘာ ၂၆
မွန်ပြည်နယ် အ​နေဖြင့် ​ကိုဗစ်-၁၉ရောဂါကြောင့် ထိခိုက် ကျဆင်းခဲ့သော ဒေသ​အတွင်းပြည်သူများ၏ လူမှုစီးပွားဘဝအခြေအနေများကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရာတွင်ထိရောက်အောင်မြင်မှုရှိစေရေးအတွက် ပြည်နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂) ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်​နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ တက်​ရောက်သည်။
အစည်းအ​ဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း လူမှုစီးပွားဘဝတိုးတက်လာ​စေ​​ရေးနှင့် ပြည်နယ်၏ စီးပွားရေးအခြေအနေကို မြှင့်တင်နိုင်​ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီအသီးသီးတို့ကို ဖွဲ့စည်း၍ ပြည်နယ်အတွင်း စီးပွား​ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်​​စေရေး ​အ​လေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအပြင် အ​သေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများကိုလည်း အား​ပေးဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုရှိစေရေးအတွက် စီမံကိန်းကျေးရွာများ စိစစ်ရွေးချယ်၍ ​ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြု​စေသည့် လုပ်ငန်းများ​ကို ​Standard Operating Procedure (SOP) နှင့်အညီ ဆောင်ရွက်​ကြရန်ဖြစ်ပြီး သက်ဆိုင်​ရာ ကော်မတီအဆင့်ဆင့် အ​နေဖြင့်လည်း လုပ်ငန်းအမှန်တကယ်​ အ​ကောင်အထည်​ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ မြေပြင်အထိကွင်းဆင်း၍ ကြပ်မတ်​ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ ကောင်းမွန်သောစီးပွားရေး အခြေအနေများဖန်တီးနိုင်ရန်နှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်​ရေးတို့အတွက် အားလုံးဝိုင်းဝန်း​ဆောင်ရွက်​ပေးကြရန် ပြောကြားသည်။
ထို့​နောက် ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ ဦးတိုးဝင်းမှ မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် Standard Operating Procedure (SOP) နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ​ကော်မတီဝင်များမှ စီမံကိန်းကျေးရွာများကို သတ်မှတ်ချက်များနှင့် အညီ​ ရွေးချယ်​ဆောင်ရွက်ခြင်းများ၊ စိုက်ပျိုး​ရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်များ​ အ​ကောင်အထည်​ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ရန်ပုံငွေဆိုင်ရာဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်​ဆွေး​နွေးခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​​ပေးသည်။

You may also like