Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ – ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးဧကများအပေါ် မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ – ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးဧကများအပေါ် မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

by Mon Editor

မော်လမြိုင် သြဂုတ် ၂၆

 

စပါးသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ထွက်ရှိရေး၊
ဒေသ ဆန်ရိက္ခာဖူလုံရေးအတွက် မြို့နယ်အလိုက် ရေတိုရေရှည် စီမံကိန်းများ ချမှတ်၍ ကြိုးပမ်း
ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးဧကများအပေါ်
မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို သြဂုတ် ၂၆ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့
ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူ လယ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က
မွန်ပြည်နယ်သည် စိုက်ပျိုးရေးကို အခြေခံတဲ့ ပြည်နယ် ဖြစ်သည်အညီ ပြည်နယ်အတွင်း စပါး၊
ရော်ဘာ နဲ့ ဥယျာဉ်ခြံ သီးနှံများကို အဓိက စိုက်ပျိုးထုတ်လုပ်လျှက် ရှိပါကြောင်း၊ မွန်ပြည်နယ်ရဲ့
အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိ စေရေးအတွက် သွင်းအားစုများဖြစ်တဲ့ ယူရီးယား
ဓါတ်မြေဩဇာ နဲ့ ရွှေဇီဝသဘာဝ ဇီဝမြေဩဇာများကိုလည်း ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့
အကြိမ်ရေ အလိုက်၊ လအလိုက် ဈေးနှုန်း ချိုသာစွာဖြင့် တောင်သူများထံ ရောင်းချပေး လျက်ရှိပြီး
လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် သီးနှံအထွက်နှုန်း တိုးတက်ရေး သာမက အရည်အသွေး
ကောင်းမွန်တဲ့ ထုတ်ကုန်များ ထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးစေရန် အဖက်ဖက်က ဖြည့်ဆည်း
ဆောင်ရွက်ပေးကြရန်အမှာစကား ပြောကြား ခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်
နယ်စပ်ရေးရာ၀န်ကြီး၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး၊ ပြည်နယ်လူမှုရေးရာ
ဝန်ကြီးတို့မှ ကျိုက်မရော မြို့နယ်၊ ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့အား
မျိုးစပါးများထောက်ပံ့ ပေးအပ်ခဲ့ရာ မြို့နယ်ကိုယ်စားလှယ် တောင်သူများက လက်ခံရယူကြပြီး
ရေကြီးနစ်မြုပ်ပျက်စီးသွားသော စပါးစိုက်တောင်သူများ ကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်

အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက
တက်ရောက်လာသော တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ခန်းမ အတွင်း ခင်းကျင်းပြသထားသော
သဘာဝဓာတ်မြေသြဇာနှင့် မျိုးစပါးများကို လှည့်လည်ကြည့်ရှု အားပေး ခဲ့သည်။

မွန်ပြည်နယ် အနေဖြင့် ဆန်စပါး ဖူလုံမှုအနေဖြင့်
(၁၃၅.၄၉%) ရှိရာမှ ယခုနှစ် တွင် (၁၄၀.၀၈%) ရရှိအောင် ရည်မှန်း ဆောင်ရွက်လျက် ရှိကြောင်းနှင့်
သီးနှံစိုက်စွမ်းအား တိုးတက်စေရန် အတွက် ဒုတိယသီးနှံများဖြစ်တဲ့ နွေစပါး (၄၅၉၀၅) ဧက၊
ဆီထွက်သီးနှံ များ  ဖြစ်တဲ့ မြေပဲသီးနှံ (၂၇၄၅၆) ဧက၊ နှမ်းသီးနှံ (၁၅၃၂) ဧက၊ နေကြာ
သီးနှံ (၁၈၃၅၂) ဧက၊ ပဲမျိုးစုံသီးနှံ (၆၈၃၀၂) ဧကစိုက်ပျိုးရန် လျာထားကြောင်း သိရှိရသည်။

 






















You may also like