မော်လမြိုင်၊ ဇူလိုင် ၆
၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်၊ မိုးရာသီ မုတ်သုန်ဖလားဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်ဂေါက်ကလပ် (ငန်းတေး) ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ တက်ရောက်သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းသားများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့က ပြိုင်ပွဲကို Color Ball ရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများအား ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့ပြိး ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်၊ မိုးရာသီ မုတ်သုန်ဖလားဂေါက်သီးရိုက် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများမှာ ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ဥပတိရုပ် ကောင်းမွန်စေရေး၊ စိမ်းလန်းစိုပြေပြီး သန့်ရှင်းသာယာမှုရှိစေရေး ဆောင်ရွက်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြိုနယ်သီးသီးရှိ စာသင်ကျောင်းများ၌ ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်း အတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပရေး ဝိုင်းဝန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု အားခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေးနှင့် အလေးထား ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ကာ စာသင်ကျောင်းဆောင်များ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ကြပြီး စာသင်ကျောင်းအတွင်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဝင်းအတွင်း အမှိုက်များကင်းရှင်းစေရန်နှင့် မိုးရာသီကာလတွင် ကျောင်းကျန်းမာရေးအတွက် အထူးဂရုစိုက် ဆောင်ရွက်ပေးကြရန် လမ်းညွှန်ကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဆောင် အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာသင်ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည်၊ မော်လမြိုင်မြို့၊ သုခဝတီ အခြေခံပညာအထက်တန်းကျောင်း၌ စာသင်ကျောင်း ဥပတိရုပ် ကောင်းမွန်စေရေးအတွက် ကျောင်း ပုရဝုဏ် အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်နိုင်ရေး တစိုက်မတ်မတ် ဆောင်ရွက်ပေးကြရန် လမ်းညွှန်ကြားကာ စာသင်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်၊ မိုးရာသီ မုတ်သုန်ဖလားဂေါက်သီးရိုက် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်ဂေါက်ကလပ် (ငန်းတေး) ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အသင်းလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြပြိုင်ပွဲဝင် ဂေါက်သီးရိုက်အသင်းများအား ဆုဖလားနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဲဒီနောက် တာဝန်ရှိသူများမှ တန်းလိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား လည်းကောင်း၊ ရိုက်ချက်အလိုက် အကောင်းဆုံးဂေါက်သီးရိုက် အားကစားသမားများအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။