မော်လမြိုင် သြဂုတ် ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား လူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော် အခမ်းအနားကို သြဂုတ် ၂၃ရက်နေ့ နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း(ချောင်းဆုံ)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ပွဲတော်မုခ်ဦးအား ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဘင်ခရာ၊ ပန်ပွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကကျောင်းခန်းများအတွင်း စကားရည်လု ပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများ၊ ပုံပြင်ပြော ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အထက်တန်း အဆင့်နှင့် အလယ်တန်းအဆင့် ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးကွင်းလှည့် ကစားနည်း ခွက်နင်းကစားနည်းများနှင့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံ များအား လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများ၊ ဆရာမများ သင်ကြားသင်ယူမှုတွင် အထောက်အကူ ဖြစ်စေရန်၊ ကျောင်းသား ကျောင်းသူများ သည် စာကြည့်တိုက်မှတစ်ဆင့် အမျိုးသားယဉ်ကျေးမှု မြတ်နိုးစေရန်၊ အမျိုးသားဇာတိမာန် ထက်သန်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားသည့် ကျောင်းစာကြည့်တိုက်နှင့် ကျောင်းစာဖက်ခန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို သီရိရတနာခန်းမ၌ ဆက်လက်ကျင်းပရာ ရှေးဦးစွာ ကျောင်းသားကျောင်းသူ များက ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့ သီချင်းဖြင့် ဧည်ခံဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးရေး၊ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရေးနှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားလာစေရန် ရည်ရွယ်ကာယခုပွဲတော်အား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ စာပေ ဟောပြောပွဲ၊ စာပေစကားဝိုင်းများ ကျင်းပပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများ ဗဟုသုတ တိုးပွားကာ စာဖတ်သည့် အလေ့အကျင့် ရရှိစေမည်ဖြစ်ပြီး စာစီစာကုံး၊ ကျပန်းစကားပြော၊ ပုံပြင်နှင့် ကဗျာ ပြိုင်ပွဲများကျင်းပပေးခြင်းသည်ဉာဏစွမ်းရည်ဖွံ့ဖြိုးရေး ပုံဖော်ပေးနိုင်သကဲ့သို့ တီထွင်ဆန်းသစ်မှု စွမ်းရည်များကိုလည်း အထောက်အပံ့ဖြစ်စေပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၂၀)အား ပေးအပ်ရာ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက လက်ခံရယူပြီး၊ ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးက ဌာနဆိုင်ရာ များနှင့်အလှူရှင်များ လှူဒါန်းသော အလှုငွေများအား ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် က ပြန်လည်လက်ခံရယူခဲ့သည်။ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော်ကျင်းပနိုင်ရေး အလှူငွေများ၊ အာဟာရမုန့်နှင့် စာအုပ်စာစောင် များကို ပေးအပ် လှူဒါန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာပြည် မှာစာပဒေသာဝေဆာစေ” သီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေ များပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး ကျောင်းသား၊ကျောင်းသူများအား ရင်းရင်း လိုက်လံနှုတ်ဆက်ခဲ့ကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရောင်းချသော စာအုပ်၊စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုနေမှု များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။