Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှု ကြည့်ရှုအားပေး

by Mon Editor

မော်လမြိုင်၊ ဩဂုတ်  ၂၄

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အတွက်အလေးထားဆောင်ရွက်လျက်ရှိရာမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊           ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း၌  ကျောင်းဝင်း အတွင်းနင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင် ကျောင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်း သန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းအတွင်း ပတ်ဝန်းကျင်သာယာလှပရေး နှင့်ကျောင်းကျန်းမာရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ သည်။    

အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်း‌‌ဆောင်များအား လှည့်လည်ကြည့်ရှုစစ်‌ဆေး ၍အခြေခံပညာစာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရပြီး ဥပတိရုပ် ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေး အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ တာဝန်ရှိများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စာသင်ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။    

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသန့်ရှင်း သာယာလှပစေရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက် လျက်ရှိ‌ကြောင်း သိရှိရသည်။

You may also like