မော်လမြိုင် စက်တင်ဘာ ၁၀
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် လာရောက်ဂါရဝပြုတွေ့ဆုံသည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Mongkol Visit- stump နှင့်အဖွဲ့အား စက်တင်ဘာ ၁၀ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ထိုင်းနိုင်ငံသံအမတ်ကြီး နှင့်အဖွဲ့တို့သည် ထိုင်း-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကုန်သွယ်မှုကဏ္ဍတိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်မှုအားကောင်းစေရေး၊ စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်လာစေရေး၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၊ အပါအဝင် ပို့ကုန်၊ သွင်းကုန်ကဏ္ဍအတွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ အဆင်ပြေချောမွေ့စေရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး အပြန်အလှန် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။