မော်လမြိုင် စက်တင်ဘာ ၂၅
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ဆရီ ဂနေ့ရှ် (ခ) မဟာပိန္နဲဘုရားပွဲတော်ကို စက်တင်ဘာ ၂၅ရက်နေ့ နံနက်ပိုင်းက ကွင်းရပ်ရပ်ကွက်ရှိ ဟိန္ဒူဘုရားကျောင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကာ ဟိန္ဒူကျောင်း ဂေါပကအဖွဲ့ဝင်များမှ ကြိုဆိုခဲ့ကြသည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့သည် ဆုတောင်းပြည့် မဟာပိန္နဲ ဟိန္ဒူဘုရားကျောင်း ဆောင်၌ ဟိန္ဒူဘာသာရေးထုံးစံအတိုင်း ရှိခိုးကန်တော့၍ အဓိဌာန်ပြု ဆုတောင်းခြင်းများ၊ ဝတ်ပြုဆုတောင်းခြင်းများကို တစ်ဦးချင်းအလိုက် ပြုလုပ်ဆောင်ရွက် ခဲ့ကြပြီး ဟိန္ဒူဘုရားကျောင်း ဂေါပကအဖွဲ့တို့မှ ဂုဏ်ပြုရွတ်ဖက် ဆုတောင်းပေးမှုများ ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက မဟာပိန္နဲ ဟိန္ဒူဘုရားကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ဟိန္ဒူ ဘုရားကျောင်းဂေါပကအဖွဲ့က လက်ခံရယူခဲ့ကာ မဟာပိန္နဲ ဟိန္ဒူဘုရားပွဲတော်အတွင်း ဘုရားဖူး လာရောက်သူများအား သက်သက်လွတ်သီးစုံဟင်းစတုဒိသာဖြင့်ကျွေးမွေး ဧည့်ခံသွားမည်ဖြစ်ကြောင်းသိရသည်