Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် လူငယ်ရေးရာကော်မတီ လူငယ်စင်တာအား ကျောင်းသားအားကစားကွင်းအပေါ်ထပ်တွင် ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် လူငယ်ရေးရာကော်မတီ လူငယ်စင်တာအား ကျောင်းသားအားကစားကွင်းအပေါ်ထပ်တွင် ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကွင်းဆင်းကြည့်ရှု

by admin

မော်လမြိုင်  ဇွန်  ၆

ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည်ဇွန်လ ၅ရက်နေ့ မွန်းလွဲပိုင်တွင်မော်လမြိုင်မြို့ ဖက်တန်းရက်ကွက်ရှိ ကျောင်းသားအားကစားကွင်းတွင်မွန်ပြည်နယ်အတွင်းရှိလူငယ်များ၏ အနာဂတ်အလုပ်အကိုင် အခွင့်အလန်းတိုးတက်ဖော်ဆောင်နိုင်မှုနှင့်အသိပညာဗဟုသုတများ ပိုမို လေ့လာဆည်းပူးနိုင်ရန် ရည်ရွယ်၍ မွန်ပြည်နယ် လူငယ်ရေးရာကော်မတီ လူငယ်စင်တာအား ကျောင်းသားအားကစားကွင်း အပေါ်ထပ်တွင် ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုသွားရောက်ကြည့်ရှုစစ်ဆေးရာပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနပြည်နယ်ဦးစီးမှူးကမွန်ပြည်နယ်လူငယ်ရေးရာကော်မတီစင်တာဖွင့်လှစ်ရန် လျာထားစီစဉ်ထားရှိသည့် ကျောင်းသားအားကစားကွင်းရှိ ဈေးဆိုင်ခန်းများ၏အပေါ်ထပ် အခန်းများဖွဲ့စည်း ဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြသည်။

ထို့နောက်ပြည်နယ်လူမှုရေးရာဝန်ကြီးက မွန်ပြည်နယ်မှ လူငယ်စင်တာဖွင့်လှစ်ရန်အတွက်လိုအပ်မည့် အခန်းဖွဲ့စည်းမှုနှင့်အထောက်အကူပြုပစ္စည်းများ၊အခန်းအမျိုးအစား၊အကျယ်အဝန်း၊ လိုအပ်မည့် အထောက်အကူပြု ပစ္စည်းများကိုဖြည့်စွက်ရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကလုပ်ငန်းအမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက်ကြိုးစားဆောင်ရွက်သွားကြရန်မှာကြားပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ ကျွဲခြံကုန်းရပ်ကွက် အစ္စလာမ်ဝတ်ကျောင်းသို့ သွားရောက်၍ မွန်ပြည်နယ်ဘာသာပေါင်းစုံချစ်ညီညွှတ်ရေးအဖွဲ့များနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာ ကိုအများဆုံး ကိုးကွယ်ကြ သော်လည်း ဟိန္ဒူဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များနှင့် အခြားဘာသာဝင်များလည်းရှိပြီး ရှေးယခင်ကတည်းကပင် အတူတကွ    ညီညီညွှတ်ညွှတ်နေထိုင်လျက်ရှိကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တူညီသည့်စိတ်ဖြင့် တက်ညီလက်ညီအတူတကွဆောင်ရွက်ကြရန်လို ကြောင်း၊ ဘာသာရေးဆိုင်ရာပွဲတော်များကိုလဲ စည်းကမ်းစနစ်တကျဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်)နေ့တွင် လိုအပ်သည်များ ဆောင်ရွက်နိုင်ရေးအတွက် လာရောက်ရခြင်းဖြစ်ကြောင်း၊ ပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ 

You may also like