မော်လမြိုင် ဇွန် ၁၁
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ မော်လမြိုင်စက်မှုဇုန်သို့ သွားရောက်ပြီးစက်မှုဇုန်လုပ်ငန်းရှင်များနှင့် ရှင်းလင်းဆောင်တွင်တွေ့ဆုံရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က “တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေး” တို့ကို နိုင်ငံတော်၏ မျှော်မှန်းချက်များအဖြစ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဇုန်များ၏အဓိကလိုအပ်ချက်ဖြစ်သည့်ရေရရှိရေးကိုဆောင်ရွက်ပြီးဖြစ်သလို လျပ်စစ်မီးပိုမိုရရှိနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊MSME စီးပွားရေးလုပ်ငန်းအပါအဝင် အခြေခံလိုအပ်ချက်ဖြစ်သည့် နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာလိုအပ်ချက်တို့ဖြစ်ကြောင်း၊စက်မှုဇုန် အတွင်း နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိမည့် ကုန်ထုတ်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ ထို့အပြင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်းထွက်ကုန်ကြမ်း များကိုအသုံးပြုပြီး ပြည်ပသွင်းကုန်များအစားထိုး ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် မော်လမြိုင် စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီတာဝန်ရှိသူမှ စက်မှုဇုန်ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ အကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထူးစက်မှုလက်မှုလုပ်ငန်းတွင်.Centerless Grinding Machine၊ CNC Lathe Machine၊Hobbing Machineစက်ကြီးများဖြင့် ကားအင်ဂျင်ပိုင်းနှင့်ပတ်သက်သည့်စက်ပစ္စည်းများထုတ်လုပ်နေမှု၊လယ်ယာသုံးစက်ကရိယာကောက်စိုက်စက်၊Drum seederထုတ်လုပ်မှု၊ ဆက်လက်၍Green Box သစ်အခြေပြုအသေးစားလူသုံးကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း (value added) ရော်ဘာသစ်မှ (end product) မီးဖိုချောင်သုံးပစ္စည်းများနှင့်လက်ဆောင်ပစ္စည်းများထုတ်လုပ်မှုလုပ်ငန်း၊ နိုင်ငံခြားသွင်းကုန်အစားထိုးပလပ်စတစ် ရေတိုင်ကီ ရေခဲပုံးလုပ်ငန်းများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက် ကျောက်တန်းစက်မှုနယ်မြေသို့ သွားရောက်ပြီး Betel World Co.ltd ကွမ်းသီးကမ္ဘာကုမ္ပဏီ လီမိတက်၏ ကွမ်းသီးစိမ်းမှ ကွမ်းသီးပြုတ် ကွမ်းသီးခြောက်ထုတ်လုပ်မှုလုပ်ငန်းမှ ပြည်ပပို့ကုန် ကွမ်းသီးယိုထုတ်လုပ်မှုစက်ရုံ၊ ပြည်နယ်သားစတား စားသောက်ကုန်လုပ်ငန်း ပဲပြားစက်ရုံ၊ ပြည့်စုံ အလူမီနီယံ၊ လိတ်တံခါး၊ ဆီလီကွန်နှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ရေးအလုပ်ရုံ၊ ငွေမိုးကွန်ကရစ်စက်ရုံ တို့အားလှည်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား ပြည်ပပို့ကုန်များပိုမိုထုတ်လုပ်နိုင်ရေး၊ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းများအတွက်ကူညီပံ့ပိုးဆောင်ရွက်ရေး၊ချေးငွေများရှိစေရေးဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်မှာကြားသည်။
ထို့နောက် ငွေမိုးကွန်ကရစ်စက်ရုံရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေပါပြဌာန်းချက်များနှင့်အညီအကောင်ထည်ဖော်ဆောင်ရွက်သွာမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များနှင့်ပတ်သက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များ၊ ရေအသုံးချမှုသတ်မှတ်ချက်များ၊ မီးဘေးအန္တရာယ် ကာကွယ်မှုစနစ်များ၊ ပတိဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး၊ အမှိုက်နှင့် ရေဆိုးစွန့်ပစ် မှုစနစ်များကို စနစ်တကျ ဆောင်ရွက်သွားကြရန် လိုကြောင်းပြောကြားကာ သက်ဆိုင်ရာတာဝန်ရှိသူများ၏တင်ပြချက်များအပေါ်လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။




