မော်လမြိုင် ဇွန် ၁၂
၂၀၂၅ခုနှစ် ဇွန်လ (၁၅)ရက်နေ့တွင် ကျရာက်သည့် နှစ်(၃၀) ပြည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေး လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အေထွထွေရောဂါကုပြည်သူ့ဆေးရုံကြီးကုတင်(၅၀၀)၌ ကျင်းပ ပြုလုပ်ရာယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သွေးလှူရှင်များတက်ရောက်သည်။
ရှေးဦးစွာ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် ကွပ်ကဲမှု အောက် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း ကြမည့် ၀န်ထမ်းများအားပြည်သူ့ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက သွေးအလှူရှင်များ အား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင် ချိန်ခြင်း၊ သွေးအုပ်စုခွဲခြားခြင်းများ ဆောင်ရွက်ပေးခဲ့ကြ သည်။
ထိုနောက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်း (၁၅)ဦးတို့၏ စုပေါင်းသွေး လှူဒါန်းနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး သွေးလှူဒါန်းကြသူ များအား အလှူငွေ၊အာဟာရဖြည့်စွက်စာကြက်ဥ နှင့်ပဲနို့ တို့ကို ပေးအပ်ခဲ့ပြီး ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းမှု အတွက်ဂုဏ်ပြုမှတ်တမ်းလွှာအား အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးကုတင်(၅၀၀)၊ ဆေးရုံအုပ်ကြီးဒေါက်တာနိုင်ဦးမှ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းထံ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။



