Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သမဝါယမ စာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်) ၂ဝ၂၅ – ၂ဝ၂၆ ပညာသင်နှစ် ၊ သင်တန်းဖွင့်ပွဲနှင့်  Certificate in Business Accounting အောင်လက်မှတ် ချီးမြှင့်ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သမဝါယမ စာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်) ၂ဝ၂၅ – ၂ဝ၂၆ ပညာသင်နှစ် ၊ သင်တန်းဖွင့်ပွဲနှင့်  Certificate in Business Accounting အောင်လက်မှတ် ချီးမြှင့်ပေးအပ်ပွဲအခမ်းအနား တက်ရောက်

by admin

မော်လမြိုင်   ဇွန်   ၁၆
 
သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်) ၂ဝ၂၅ – ၂ဝ၂၆ ပညာသင်နှစ် ၊ သင်တန်းဖွင့်ပွဲနှင့်၂ဝ၂၄ – ၂ဝ၂၅ ပညာသင်နှစ်တွင် သင်တန်းပြီးမြောက် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား Certificate in Business Accountingအောင်လက်မှတ် ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၁၆ရက်နေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ပထမနှစ်/ ဒုတိယနှစ် ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း ဒီကျောင်းမှာ တက်ရောက်ခွင့်ရသည့်အပြင် နေထိုင်ရေး၊ စားသောက် ရေးနှင့် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများကို နိုင်ငံတော်မှ ထောက်ပံ့ပေးသည့်အတွက် နိုင်ငံတော်၏ စေတနာကို နားလည်ပြီး ပညာဆည်းပူးရာမှာ အလေးထား သင်ယူမှတ်သား ကြစေလိုကြောင်း၊ သမဝါယမ ပညာရပ်မှာ စာရင်းရေး၊ စာရင်းကိုင်ပညာရပ်ဟာ အဓိက ဖြစ်တာကြောင့် မည်သည့်ဌာန၊ မည်သည့်စီးပွားရေးအဖွဲ့အစည်း၊ မည်သည့် အသင်းအဖွဲ့များမှာမဆို စာရင်းအင်းပညာနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူများ မရှိမဖြစ် လိုအပ်ပါကြောင်း၊သင်တန်း ပြီးဆုံးအောင်မြင်သည့် ကျောင်းသား/ကျောင်းသူများကိုလည်း Certificate in Business Accounting အောင်လက်မှတ် ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပြီး   သင်တန်းတွင် ထူးချွန်၍ သမဝါယမ ကောလိပ်သို့ ပေါင်းကူးတက်ရောက်မည့် သင်တန်းဆင်းကျောင်းသား/ ကျောင်းသူများအတွက်လည်း များစွာ ဂုဏ်ယူမိကြောင်း၊  နိုင်ငံတော်နှင့် ပြည်နယ်အတွက် အားကိုးအားထားပြုနိုင်မည့် စာရင်းရေး စာရင်းကိုင်ပညာရှင်များ ပေါ်ထွက်လာစေဖို့အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားခဲ့သည်။
 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂ဝ၂၄ – ၂ဝ၂၅ ပညာသင်နှစ်တွင် သင်တန်းပြီးမြောက် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား Certificate in Business Accounting အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မွန်ပြည်နယ်အတွင်းရှိ သမဝါယမအသင်းအဆင့်ဆင့်မှ ပေးအပ်သော ထောက်ပံ့ပစ္စည်းများအား သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌက  ပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
 
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူများ၏ ကွန်ပျူတာသင်တန်း တက်ရောက်သင်ယူသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးပြီး ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်ဆက်ဘက်ဂျက်ဖြင့် ဆောက်လုပ်သည့် ၉၀ပေ×၃၀ပေ R.C.C (၃) ထပ် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း စာသင်ဆောင်ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ချိန်ကာလအတွင်း အချိန်မှီပြီးစီးရေး၊ စံချိန်စံညွှန်းနှင့် အညီဆောက်လုပ်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

You may also like