မော်လမြိုင်၊ သြဂုတ် ၁
မွန်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းများနှင့် ကျောင်းသား /ကျောင်းသူများအတွက် ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်း အနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ (၁) ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ် သည် ပညာရေးတွင် အစဉ်အလာ ကောင်းသည့် ပြည်နယ်တစ်ခု ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ် အနေဖြင့် အောင်ချက် ရာ ခိုင်နှုန်း(၅၇.၁၆)ဖြင့် တစ်နိုင်ငံလုံးအောင်ချက် ပထမရရှိခဲ့ပြီး ဂုဏ်ပြုထိုက်သူ ပြည်နယ် ဂုဏ်ဆောင် ကျောင်းသား/သူများကို ဂုဏ်ပြုချီးမြှင့်နိုင်ရေးနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီးဖြစ်ရာ သက်ဆိုင်ရာလုပ်ငန်းကော်မတီအသီးသီးမှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ရေး ဝိုင်းဝန်း ဆွေးနွေး အကြံပြုပေးကြရန် မှာကြားလိုကြောင်း၊ မွန်ပြည်နယ်အနေဖြင့် ပညာရေးကဏ္ဍတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် “မိဘ၊ ဆရာ၊ ကျောင်းသား” ဟူသည့် သုံးဦး သုံးဖလှယ် ထိန်းသိမ်းကြိုးပမ်း ဆောင်ရွက် သွားကြရန်လိုကြောင်း၊ ယခုနှစ် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားသည်ပြည်နယ်ဂုဏ်ဆောင် ကျောင်းသား/ ကျောင်းသူများ၊ ထူးချွန်ထက်မြက်အောင်သင်ကြားပေးသော ဆရာ/ ဆရာမများ၊ ဝိုင်းဝန်း ပံ့ပိုးသော ပုဂ္ဂိုလ်များကို ချီးမြှင့်ပေးရသည့် အခမ်းအနားဖြစ်သဖြင့် ထိုက်ထိုက်တန်တန်ဆုချီးမြှင့်န်ိုင်ရေး အတွက် အားကြိုးမာန်တက် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေး နွေးတင်ပြကြရာ၊ ပြည်နယ်ဝန်ကြီးများ က အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက် များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။




