Home နောက်ဆုံးရသတင်းများ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း -မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း လေဘေးခံစားခဲ့ရသော ဒေသခံပြည်သူများအား အလှူငွေများ၊ ပစ္စည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ပွဲတက်ရောက်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း -မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း လေဘေးခံစားခဲ့ရသော ဒေသခံပြည်သူများအား အလှူငွေများ၊ ပစ္စည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ပွဲတက်ရောက်

by admin

မော်လမြိုင် ဩဂုတ် ၃

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၄ရက်နေ့၊ နံနက်ပိုင်းက မွန်ပြည်နယ် ပေါင်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအချို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သာသနိက အဆောက်အအုံ အချို့နှင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ပေါင်မြို့နယ်၊ ကဒုံစီးတိုက်ကျောင်း၊ ပညာဓိကဗိမာန်၌ ကျင်းပပြုလုပ်သည့်  လေဘေးခံစားခဲ့ရသော ‌‌ေဒသခံပြည်သူများအား အလှူငွေပေးအပ်ခြင်းနှင့် စားနပ်ရိက္ခာများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ကျိုက်ထီးဆောင်းဆံတော်ရှင်ဘုရားကြီးကျောင်းတိုက်၊ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနာဂဒီပ ဆရာတော်မှ ဧည့်ပရိတ်သတ်များအား ဩဝါဒစကားမိန့်ကြား၍ ကြွရောက် ချီးမြှင့်တော်မူသော ဆရာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ်ချီးမြှင့်တော်မူခဲ့ပြီး အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းက ဒေသခံပြည်သူများအား ‌တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ လှူဒါန်းသော လှူဒါန်းပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း(၉၅၉၃၄၀၀ဝ)နှင့် လှူဒါန်းငွေကျပ်သိန်း(၃၀၀)၊ စုစုပေါင်းလှူဒါန်းငွေကျပ် သိန်း(၁၂၅၉၃၄၀၀ဝ)အား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကိုလှထွန်း ငရုတ်သီးမှုန့်လုပ်ငန်းမိသားစုမှ အလှူငွေကျပ်သိန်း(၅၀၀)နှင့်  ကျော်ကြား အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး မိသားစုမှ အလှူငွေကျပ်(၂၄၆၀၀,၀၀ဝ)သိန်းအား ပေးအပ်လှူဒါန်းခဲ့ရာ  မွန်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဠ   ပြည်နယ်ဝန်ကြီးချုပ်၊ ဦးအောင်ကြည်သိန်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးအပ်သော စားနပ်ရိက္ခာများနှင့် လုံးဝပျက်စီးနေအိမ်(၁၂၅)လုံး အတွက် နေအိမ်(၁)လုံးလျှင် ငွေကျပ်၅၀၀,၀၀၀သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၆၂ဒဿမ၅သန်းအား လည်း‌ေကာင်း၊  တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁၆၀)လုံးအတွက် နေအိမ်(၁)လုံးလျှင် ‌ေငွကျပ်၃၀၀,၀၀ဝသိန်းနှုန်းဖြင့် ငွေကျပ် (၄၈)သန်းအား ပြည်‌ေထာင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ထောက်ပံ့ပေးအပ်ခဲ့ရာ လေဘေးသင့်ပြည်သူများ ကိုယ်စား ပြည်သူ(၂)ဦးက လက်ခံရယူပြီး လေဘေးသင့်ပြည်သူ(၁)ဦးမှ ကျေးဇူးတင်စကားပြန်လည်‌‌ေပြာကြား၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပေါင်မြို့နယ် မိုးနိုင်းရပ်ကွက်အတွင်း ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အ‌ခြေအနေတို့ကို သွားရောက်လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော အကြမ်းဖက်ဖြစ်စဉ်များကြောင့် မွန်ပြည်နယ်အတွင်းရှိ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမန်ခန့်ခွဲမှု ရန်ပုံငွေမှ နေရပ်စွန့်ခွာပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ‌ယာယီ‌ေနရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေကျပ် ၁၁၈၉ဒဿမ၂၆ဝ သန်းအား ပေးအပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး နေရပ်စွန့်ခွာပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဦးစွာ မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၅ခုနှစ်အတွင်း လုပ်လုပ်ငန်းဆောင်ရွက်ထားရှိမှုအ‌ခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက  သဘာဝဘေးနှင့်ပတ်သက်၍ ဘေးမဖြစ်ခင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ဘေးဖြစ်ပွားစဥ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဘေးဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြည်နယ် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုနှင့်အတူ လုပ်ငန်းကော်မတီ အသီးသီးမှစုစည်း ညီညွတ်စွာဖြင့် ကျရာအခမ်းကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာကြားပြီး သိုလှောင်ရုံအတွင်း ကယ်ဆယ်ရေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ၊ အလှူပစ္စည်းများ သိုလှောင်ထားရှိမှုကို  လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ ရောက်ရှိပြီး မွန်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး  မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံသားအားလုံး၏ မွေးသည်မှစ၍ အသက်ရွယ်ကြီးရင့်သည်ထိ လူမှုဘဝတစ်လျှောက်လုံး ပုံစံအမျိုးမျိုးဖြင့် ကြုံတွေ့ရသည့် လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ သဘာဝဘေးအန္တရာယ်အပါအဝင် ဘေးဒုက္ခကြုံတွေ့ရသူများအား ကူညီ ထောက်ပံ့ခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းစသည့် မွန်မြတ်သောလုပ်ငန်းရပ်များကို နေ့စဉ်ဆောင်ရွက်နေရသူများဖြစ်၍ မိမိတာဝန်များကို ထမ်းဆောင်ရင်းဖြင့်ပင် ကုသိုလ်များရနေပါကြောင်း၊ မိမိတာဝန်ကျေပွန်ခြင်းသည် မိမိအတွက်ရော နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းပါကြောင်း၊ ဝန်ထမ်းအားလုံးသည် မိမိ၏လုပ်ငန်းနှင့် ပတ်သက်၍ ကျွမ်းကျင်သော တော်သော ဝန်ထမ်းများ ဖြစ်ရန်လိုသကဲ့သို့ အဓိကကျသည့် စိတ်ဓါတ်ကောင်းသော၊ ခံယူချက်ကောင်းသော ဝန်ထမ်းများ ဖြစ်ကြရန်၊ ကြိုးစားကြရန် မှာကြားလိုပါကြောင်း၊ လုပ်ငန်းခွင်တွင် အချင်းချင်း သည်းခံမှု၊ နားလည်နိုင်မှုတို့ဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော လုပ်ငန်းခွင်ဖြစ်အောင် နေထိုင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ မူကြိုဆရာမများအနေဖြင့်လည်း ကလေးများကို ငယ်စဉ်ကပင် အလေ့အကျင့်ကောင်းမွန်သော၊ လူ့ပတ်ဝန်းကျင်ကိုကောင်းကျိုးပြုနိုင်သော၊ အနာဂတ်၏ အဖိုးတန်ရတနာများဖြစ်အောင် ပြုစုသင်ကြားကြရန် လိုပါကြောင်းတို့ဖြင့် ပြောကြားပြီးနောက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်ရှင်လင်းပြောကြား၍ လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

You may also like