Home နောက်ဆုံးရသတင်းများ မွန်​​ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်​​ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

by admin

မော်လမြိုင်၊ မတ် ၂၅
၂၀၂၅ခုနှစ်၊မွန်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ၂၀၂၅ခုနှစ် မွန်ပြည်နယ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်ကျင်းပပြုလုပ်မည့် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ(၁၅)ရပ်ကိုလည်း ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ ​ယခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ခုနှစ်၊၂၀၂၄ ဒီဇင်ဘာလ ၅ ရက်နေ့မှာ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ ဝင်ရောက် ခဲ့ပြီးဖြစ်သည့်အတွက် အများပြည်သူတိုင်း စိတ်နှလုံးအေးချမ်း ပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ပြည်နယ်အတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းလျှောက် သင်္ကြန်ပွဲတော်ကိုပါ ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်​ကြောင်း၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မော်လမြိုင်မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်း၊ဆန်တော်၊ ဆီ၊ ဆား၊ လှူဒါန်းနိုင်ရေးနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့နိုင်ရေး စီမံချက်ပါအတိုင်း ဆောင်ရွက်ထားကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်နှင့် ဖျော်ဖြေရေး မဏ္ဍပ်များ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ပတ်သက်၍  မြန်မာ့ရိုးရာ ယဉ်ကျေးမှမဟာ သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက်သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များ၊လုပ်ငန်းရှင်များ၊အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီဝင်များ၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ၂၀၂၅ခုနှစ်မွန်ပြည်နယ်မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော် ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

You may also like