Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းချောင်းဆုံမြို့နယ်၊  ကွမ်သဲကျေးရွာရှိ ရဟန္တာ ဦးသီလသိမ် ဘက်စုံပြုပြင် မွမ်းမံခြင်းအတွက် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းချောင်းဆုံမြို့နယ်၊  ကွမ်သဲကျေးရွာရှိ ရဟန္တာ ဦးသီလသိမ် ဘက်စုံပြုပြင် မွမ်းမံခြင်းအတွက် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားတက်ရောက်

by admin

မော်လမြိုင် ဧပြီ  ၁၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်သဲကျေးရွာတွင် တည်ရှိပြီး ရှေးယခင်ကပင် ဆရာတော် သံဃာတော် များ၏ ဩဝါဒကိုခံယူ၍ သိမ်ဒါယိကာ၊ဒါယိကာမတို့မှ စုပေါင်းဆောက်လုပ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် ရဟန္တာသိမ်တော်သည် နှစ်လကြာမြင့်ပြီဖြစ်၍ ဟောင်းနွမ်းနေပြီ ဖြစ်သောကြောင့် ဘက်စုံပြုပြင် မွမ်းမံခြင်းအတွက် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းကအဆိုပါ သိမ်တော်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  ဘက်စုံပြုပြင် မွမ်းမံခြင်းကုသိုလ်တော်အစုစုအတွက် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကိုကြွရောက်တော် မူလာကြကုန်‌သောဆရာ‌တော်သံဃာတော်များနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုးကန်တော့ပြီး ကွမ်သဲကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်အပေါင်း တို့မှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွား သရဇ္ဈာယ်ချီးမြှင့်မှုကို နာယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးတို့ကဆရာတော်ကြီးများထံလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ ကွမ်သဲကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံမှ ရေစက်ချ အနုမောဒနာတရား နာယူကြည်ညို၍  ဆရာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။

You may also like