Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း- ​သထုံမြို့၊ ရွှေစာရံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်ရန် အတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနား တက်​ရောက်၊သထုံမြို့၊ စိုက်ပျိုး​ရေးသိပ္ပံ​ကျောင်း၊ ​ကျောင်း​ဆောင်သစ်များ ​ဆောင်ရွက်ပြီးစီး​နေမှု အ​ခြေအ​နေအား ကြည့်ရှုစစ်​ဆေး

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း- ​သထုံမြို့၊ ရွှေစာရံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်ရန် အတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနား တက်​ရောက်၊သထုံမြို့၊ စိုက်ပျိုး​ရေးသိပ္ပံ​ကျောင်း၊ ​ကျောင်း​ဆောင်သစ်များ ​ဆောင်ရွက်ပြီးစီး​နေမှု အ​ခြေအ​နေအား ကြည့်ရှုစစ်​ဆေး

by Mon Editor
မော်လမြိုင်၊ ဇန်နဝါရီ ၁၅
မွန်ပြည်နယ်အတွင်း တန်းခိုးကြီး ဘု​ရား​စေတီပုထိုးများစွာတည်ရှိသည့်အနက်မှ သထုံမြို့တွင် တည်ထားကိုးကွယ်​တော်မူ​သော ရွှေစာရံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်ရန် အတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်​နေ့၊ နံနက်ပိုင်းက သထုံမြို့ သုဝဏ္ဏဘူမိ သာသနာ့ဗိမ္မာန်တော်၌ကျင်းပပြုလုပ်ခဲ့ရာ ဆရာ​တော်၊ သံဃာ​တော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များတက်​ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ ​ရွှေစာရံစေတီ​တော်မြတ်ကြီးကို ဖူး​မြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ‌ရေချမ်း ကပ်လှူပူ​ဇော်သည်။
ဆက်လက်ပြီး ​စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်ရန် အတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ ​သထုံမြို့၊ ဓမ္မ​မေဒနီ စာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယက ဆရာတော် ဘဒ္ဒန္တ ဉာ​ဏောသူရိယ ဘိဝံသ ထံမှ ငါးပါးသီလ​တော်မြတ်အား ခံယူ​ဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ် တရားတော်များ နာယူကြည်ညို၍ ဆရာ​တော်အရှင်သူမြတ်များထံ ပြည်နယ်ဝန်ကြီချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့မှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့​နောက် ​စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်ရန် အတွက် ဒုတိယအကြိမ်အဖြစ် လူဒါန်းရရှိ​ငွေ အလှူငွေကျပ် (၃၁၉၅) သိန်းအား ​အလှူရှင်များကိုယ်စား ပေးအပ်လှူဒါန်းမှုအ​ပေါ် ​ရွှေစာရံ​စေတီ​တော် ဘဏ္ဍာ​တော်ထိန်း ​ဂေါပကအဖွဲ့မှ လက်ခံရရယူခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍  ရုပ်သိမ်းခဲ့သည်။
အဲဒီကမှ တစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သထုံမြို့၊ စိုက်ပျိုး​ရေးသိပ္ပံ​ကျောင်းသို့ ​ရောက်ရှိခဲ့ကြပြီး ​​၂၀၂၂ – ၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင် အသစ်တည်​ဆောက်သည့် မွေးမြူရေးသိပ္ပံ​ကျောင်း (၂) စာသင်​ဆောင်၊ သု​​တေသန​ဆောင်၊ လက်​တွေ့သင်ကြား​ရေး ​ဆောင်၊ ​ကျောင်းသား​အိပ်ဆောင်၊ ဝန်ထမ်း​ဆောင်နှင့် ဆက်စပ်​အ​ဆောက်အဦများ ​တည်​ဆောက်ပြီးစီး​နေမှု အ​ခြေအ​နေတို့အား ကြည့်ရှုစစ်​ဆေးခဲ့သည်။
အဲဒီ​နောက် တာဝန်ရှိသူများနှင့် ​တွေ့ဆုံ၍ စိုက်ပျိုး​ရေး၊ ​မွေးမြူ​ရေး သိပ္ပံ​ပညာရပ်များကို စာ​တွေ့၊ လက်​တွေ့ ​လေ့ကျင့်သင်ကြား​ပို့ချပေး​နိုင်ရန်နှင့်  သင်ကြား​ရေးနည်းစနစ်များ​ကောင်းဖြင့် ကျွမ်းကျင်တတ်​မြောက်​သော ပညာရှင်များ ​မွေးထုတ်​ပေးထုတ်​ပေးနိုင်​ရေး အ​လေးထား ​ဆောင်ရွက်ကြရန်၊ တည်​ဆောက်​ရေး လုပ်ငန်းများကိုလည်း အရည်အ​သွေးပြညံ့မီစွာဖြင့် သတ်မှတ်အချိန်အတွင်း အချိန်မီ ပြီးစီးနိုင်​ရေး ​ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။








You may also like