Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း- နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချောင်းဆုံမြို့နယ်အတွင်း စီမံကိန်းကျေးရွာများသို့ ချေးငွေထောက်ပံ့ပေးအပ်ပွဲအခမ်းအနား၊ မော်လမြိုင် ပညာရေးဒီဂရီကောလိပ်၊ ​၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာ​ရေးစုံညီပွဲ​တော် အခမ်းအနား၊ မွန်ပြည်နယ်အတွင်း ​ဆောင်ရွက်မည့် တန် (၆၀) ကျ အဆင့်မြင့် ဆန်စက်တည်​ထောင်နိုင်​ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေး၊ မွန်ပြည်နယ် ​ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​ကော်မတီ အစည်းအ​ဝေး အမှတ်စဉ် (၁/ ၂၀၂၃) အစည်းအ​ဝေး၊ မွန်ပြည်နယ်တွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ​လေဆိပ်စီမံကိန်းအတွက် ​မြေယာ​လျှော်​ကြေး​ပေး​ချေနိုင်​ရေး လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေး တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း- နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချောင်းဆုံမြို့နယ်အတွင်း စီမံကိန်းကျေးရွာများသို့ ချေးငွေထောက်ပံ့ပေးအပ်ပွဲအခမ်းအနား၊ မော်လမြိုင် ပညာရေးဒီဂရီကောလိပ်၊ ​၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာ​ရေးစုံညီပွဲ​တော် အခမ်းအနား၊ မွန်ပြည်နယ်အတွင်း ​ဆောင်ရွက်မည့် တန် (၆၀) ကျ အဆင့်မြင့် ဆန်စက်တည်​ထောင်နိုင်​ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေး၊ မွန်ပြည်နယ် ​ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​ကော်မတီ အစည်းအ​ဝေး အမှတ်စဉ် (၁/ ၂၀၂၃) အစည်းအ​ဝေး၊ မွန်ပြည်နယ်တွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ​လေဆိပ်စီမံကိန်းအတွက် ​မြေယာ​လျှော်​ကြေး​ပေး​ချေနိုင်​ရေး လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေး တက်​ရောက်

by Mon Editor
မော်လမြိုင်၊ ဇန်နဝါရီ ၁၈
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချောင်းဆုံမြို့နယ်အတွင်း စီမံကိန်းကျေးရွာများသို့ ချေးငွေထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၇ ရက်​နေ့၊ မွန်းလွဲပိုင်းက ​ချောင်းဆုံမြို့၊ ကျွန်းသာယာခန်းမ၌၊ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ​ဒေသခံ ​တောင်သူများ တက်​ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စိုက်ပျိုး၊ ​မွေးမြူ​ရေးကို အ​ခြေခံသည့် ပြည်နယ်တစ်ခု ဖြစ်သည်နှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတိုးချဲ့ နိုင်ရန်နှင့် ထုတ်လုပ်မှုစွမ်းအား မြင့်မားလာစေရန်အတွက် သွင်းအားစု၊ ငွေကြေးအရင်းအနှီးနှင့် နည်းပညာများ စဉ်ဆက်မပြတ် ပံ့ပိုး​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများကို
စိုက်ပျိုးရေး ကဏ္ဍများအနေနဲ့ နွေစပါး၊ ပဲမျိုးစုံ၊ နေကြာ၊ ရာသီ​ပေါ်သီးနှံနှင့် ရော်ဘာသီးနှံ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော တောင်သူများနှင့် မွေးမြူရေးကဏ္ဍအနေဖြင့် ကြက်၊ ဝက် မွေးမြူရေးတို့အတွက်  အရင်းမပျောက် မတည် လည်ပတ်ရန်ပုံငွေအား သက်သာသော အတိုးနှုန်းဖြင့်ထုတ်ချေးပေးနိုင်​ရေး စီစဉ်​ဆောင်ရွက် ​ပေးထား​ကြောင်း၊ စီမံကိန်း အ​ကောင်အထည်​ဖော် ​ဆောင်ရွက်ရာတွင် ​မြေပြင်အထိ အဆင့်ဆင့် ကြီးကြပ်၍ ​ချေး​ငွေများ အ​လေအလွင့် မရှိ​စေ​ရေးနှင့် လုပ်ငန်းများ အမှန်တကယ် ​အောင်မြင်​အောင် ဆောင်ရွက်ကြ​စေ​ရေး အ​လေးထား ​ဆောင်ရွက်သွားကြရန် လို​ကြောင်း၊ တောင်သူလယ်သမားများ၏ အခန်းကဏ္ဍကို တိုးတက်စေရန်နှင့် လုပ်ကွက်ငယ်​တောင်သူများ၏ တစ်ဦးချင်းစီ ဝင်​ငွေတိုးတက်လာ​စေ​ရေး ​ဆောင်ရွက်​ပေးလျက်ရှိသလို တစ်ဖက်ကလည်း ​တောင်သူများအ​နေဖြင့် စိုက်ပျိုး​လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်​ဆောင်ရွက်ခြင်းဖြင့် ​ဒေသတွင်း စာနပ်ရိက္ခာဖူလုံမှုရှိ​စေ​ရေး ဝိုင်းဝန်း ကြိုးပမ်း ​ဆောင်ရွက်​ပေးကြရန်ဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ စီမံကိန်း ကျေးရွာရှိ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုး၊ ​မွေးမြူ​ရေးစရိတ် ချေးငွေများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ဆောင်ရွက်သည့်ကျေးရွာများမှ တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်​ပြောကြာခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ​တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ခဲ့ကာ ​တောင်သူများ၏ လိုအပ်ချက်များကို ​ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များကို ဖြည့်​ဆည်းဆောင်ရွက်​ပေးခဲ့သည်။
မော်လမြိုင် ပညာရေးဒီဂရီကောလိပ် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာ​ရေးစုံညီပွဲ​တော် အခမ်းအနားကို ဇန်နဝါရီလ ၁၈ ရက်​နေ့၊ နံနက်ပိုင်းက ​မော်လမြိုင် ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်ရဲ့ တစ်ခုတည်းသော ဆရာအတတ်ပညာ ဖြန့်ဝေပေးရာ ​နေရာမှာ ပညာရေးဒီဂရီကောလိပ်ဖြစ်သည်နှင့် အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ ပညာ​ရေးစနစ်​ဖော်​ဆောင်မှုအတွက် ဘာသာရပ်အမျိုးမျိုး၊ သင်နည်းအဖုံဖုံနဲ့ စာတွေ့ လက်တွေ့ သင်ကြားလေ့ကျင့်ပေးလျက်ရှိ​ကြောင်း၊ ပညာရေးမှာ အားထားရမယ့် ထူးချွန်တဲ့ ဆရာကောင်း၊ ဆရာမွန်၊ ဆရာချွန်များ ပေါ်ထွက်လာနိုင်လို့ နှစ်ထောင်းအားရလည်း ဖြစ်မိရသလို ပညာသင်နှစ်တိုင်း၏ ပညာရေးစုံညီပွဲတော်ကို အဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပမှုအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆရာ၊ ဆရာမ ​ကောင်းများ ဖြစ်လာကြမည့် ​မောင်၊ မယ်များအ​နေဖြင့် ပညာနဲ့စည်းကမ်းသာမက စိတ်ဓာတ် ကိုပါ ပြုပြင်မြှင့်တင်ပေးနိုင်မယ့် လေ့ကျင့်ပုံဖော်ပေးနိုင်မယ့် ဥယျာဉ်မှူး ကောင်းများ ဖြစ်ကြမယ်လို့ ယုံကြည် မျှော်လင့်မိပါ​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ထို့​နောက် မော်လမြိုင် ပညာရေးဒီဂရီကောလိပ်၊ ​ကျောင်းအုပ်ဆရာမကြီး ​ဒေါ်ဝင်းသိင်္ဂီကျော်မှ ပညာ​ရေးစုံညီပွဲ​တော်ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား​ ​ရှင်းလင်းပြောကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထူးချွန်ဆုရ ​ကျောင်းသူ၊ကျောင်းသားများအား  ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ပညာ​ရေးစုံညီပွဲ​တော်အတွက် အလှူ​ငွေများပေးအပ်ခဲ့ပြီး ​ကျောင်းသူ၊ ​ကျောင်းသား​လေးများ၏ တေးသီချင်းများ၊ ​တေးသရုပ်​ဖော်များနှင့် အကအလှများဖြင့် ​ဖျော်​ဖြေတင်ဆက်ခဲ့ကြမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင် ပညာရေးဒီဂရီကောလိပ် ဘာသာရပ်ဆိုင်ရာ ပြခန်းအား ဖဲကြိုးဖြတ်ာဖွင့်လှစ်​ပေခဲ့ကြပြီး ပြခန်းများအား လှည့်လည်ကြည့်ရှုအား​ပေးခဲ့ကြသည်။
မွန်ပြည်နယ်အတွင်း ​ဆောင်ရွက်မည့် တန် (၆၀) ကျ အဆင့်မြင့် ဆန်စက်တည်​ထောင်နိုင်​ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကို ယ​နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ ရွှေမြိုင်စိုက်ပျိုး​ရေးနှင့် အ​ထွေ​ထွေစီးပွား​ရေး သမဝါယမအသင်း (​အောင်သဇင်သမဝါယမအသင်း)၊ ဥက္ကဌ ဦး​အောင်​ဇော်ဦးမှ မွန်ပြည်နယ်တွင် တန် (၆၀) ကျ ဆန်ကြိတ်ခွဲစက် ​တည်​ဆောက်ရန် ​ဆောင်ရွက်ထားရှိမှုနှင့် သမဝါယမအသင်းများနှင့် ပူး​ပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဆန်ကြိတ်စက်ကြီးများ တည်​ထောင်ခြင်းဖြင့် ဆန်နှင့် စိုက်ပျိုး​ရေးထုတ်ကုန်များကို အရည်အသွေးမီ ထုတ်လုပ်နိုင်​ရေး အား​ပေး​ဆောင်ရွက်ရန်၊ ဒေသထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စွာ ​ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့ စီးပွားမြှင့်တင်ရေးဆောင်ရွက်ကြရန်နှင့် အဆင့်မြင့် ဆန်စက်အား ကာလတိုအတွင်း မြန်မြန်ဆန်ဆန် တည်​ထောင်နိုင်​ရေးအတွက် သမဝါယမကဏ္ဍအနေဖြင့်သာမက ​ကဏ္ဍအသီးသီးအလိုက် လိုအပ်သည်များကို ဝိုင်းဝန်း ပူး​ပေါင်း ​ဆောင်ရွက်​ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီ​နောက် တက်​ရောက်လာသူများမှ ဖြည့်စွက်​ဆွေး​နွေး တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့သည်။
မွန်ပြည်နယ် ​ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​ကော်မတီ အစည်းအ​ဝေး အမှတ်စဉ် (၁/ ၂၀၂၃) အစည်းအ​ဝေးကို ယ​နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ​ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အထင်ကရ တန်ခိုးကြီး ဘုရား၊ ​စေတီများ၊ သဘာဝပတ်ဝန်းကျင်အလှအပများနှင့် ယဉ်ကျေးမှု အမွေအနှစ်များရှိသဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ ရှိ​ကြောင်း၊ သဘာဝကိုအ​​ခြေခံသည့် ခရီးသွားလုပ်ငန်းများအား ​ဖော်​ဆောင်​ပေးရန် လိုအပ်သလို ခရီးသွားဒေသများတွင် လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးများကို ဦးစားပေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ခရီးသွားဧည့်သည်များ ဆွဲ​ဆောင်နိုင်မည့် ခရီးသွား​ဒေသများတွင် သန့်ရှင်းသာယာလှပ​ရေးကို အ​လေးထား​ဆောင်ရွက်ကြရန် လိုအပ်ပြီး  ဟိုတယ်၊ တည်းခိုရိပ်သာများ၏ ပြယုဂ်များ ပိုမို ​ကောင်းမွန်​စေ​ရေး ​ဆောင်ရွက်​ပေးကြရန်နှင့် ခရီးသွားလုပ်ငန်း ရေရှည်တိုးတက်ရေးတွက် လုပ်​ဆောင်​ပေးကြ​ရန်ဖြင့် အမှာစကား ​ပြောကြားခဲ့သည်။ ​
အဲဒီ​နောက် ပြည်နယ်ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြား​ရေးမှူး ဦးဇေယျာထွန်းမှ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း​ ဖွံဖြိုးတိုးတက်​ရေး ​ဆောင်ရွက်ထားရှိမှု၊ သတ်မှတ်စည်းကမ်းများနှင့်အညီ လိုင်စင်ထုတ်​ပေးမှု အ​ခြေအ​နေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး  ​ကော်မတီဝင်များမှ ဖြည့်စွက်ဆွေး​နွေး တင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်​ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ ဆောင်ရွက်​ပေးခဲ့သည်။
မွန်ပြည်နယ်တွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ​လေဆိပ်စီမံကိန်းအတွက် ​မြေယာ​လျှော်​ကြေး​ပေး​ချေနိုင်​ရေး လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကို ယ​နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ​မော်လမြိုင်မြို့အနီး နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ​လေဆိပ်စီမံကိန်း အ​ကောင်အထည်​ဖော် ​ဆောင်ရွက်နိုင်​ရေး ​မြေ​နေရာ​လျှော်​ကြေးများတွက်  သတ်မှတ်ကာလ ဘဏ္ဍာရေးနှစ်အတွင်း ပြီးပြတ်​အောင် ​ဆောင်ရွက်ကြရမည် ဖြစ်​ကြောင်း၊ ​လေဆိပ်စီမံကိန်း ဧရိယာအတွင်း ​မြေ​နေရာများအ​ပေါ် ​အသုံးပြုသည့် မြေအမျိုးအစားအလိုက် ပေါ်မူတည်၍ ​မြေယာ​​လျှော်​ကြေး ​ပေး​ချေ ​ဆောင်ရွက်ကြရန်လို​ကြောင်း၊ ​မြေယာ​လျော်​ကြေး​ပေး​ချေခြင်းလုပ်ငန်းအား ​မြေယာစီမံခန့်ခွဲ​ရေး ဥပ​ဒေ၊ နည်းဥပ​ဒေ၊ လုပ်ထုံးနည်းများနှင့်အညီ ဖြစ်​စေ​ရေး ​ဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာဌာနများမှလည်း ပူး​​ပေါင်း​ဆောင်ရွက်​ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့​နောက် ​လေ​ကြောင်းပို့​ဆောင်​ရေး ညွှန်ကြားမှုဦးစီးဌာန၊ လေယာဉ်ကွင်းစံချိန်စံညွှန်းနှင့် စစ်ဆေးရေးဌာန(ခွဲ) ညွှန်ကြားရေးမှူး ဦးဇော်မင်းမှ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ​လေဆိပ်စီမံကိန်းအတွက် ​မြေယာ​လျှော်​ကြေး​ပေး​ချေနိုင်​ရေး ​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ​ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်း​ဆွေးခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးခဲ့သည်။

You may also like