Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနား နှင့် မွန်ပြည်နယ်အတွင်း အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ် နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနား နှင့် မွန်ပြည်နယ်အတွင်း အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ် နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

by Mon Editor

မော်လမြိုင်      ဇွန်      ၁၅

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ၂၀၂၃ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက  မော်လမြိုင်မြို့၊ ဣစ္ဆာသယသိဒ္ဓိရှင် လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီးဝတ္တကမြေ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ သစ်မာအမျိုးအစားဖြစ်သော လုမ္ဗနီအင်ကြင်းကို နဂါးမောက်ဆရာတော် ဘဒ္ဒန္တနရိန္ဒ မှ စိုက်ပျိုး၍ အမွှေးနံသာရည်များဖြင့် ပက်ဖျန်းခဲ့ပြီး  ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာများက သစ်မာသစ်မျိုးများ၊ အရိပ်ရအပင်များ၊ လေကာပင်များ စသည့် သစ်မျိုး(၁၂)မျိုး၊ အပင်အရေအတွက်(၁၂၁)ပင်ကို တပျော်တပါးစိုက်ပျိုးခဲ့ပြီး တက်ရောက်လာကြသူများနှင့်အမှတ်တရ ဓာတ်ပုံရိုက်ကူးသည်။

ဆက်လက်၍   မွန်ပြည်နယ်အတွင်း အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေး နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်အောင် ဆောင်ရွက် ကာ ကုန်ထုတ်လုပ်သူများ အနေဖြင့်လည်း အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးရန်လိုပါကြောင်း၊မွန်ပြည်နယ် ဈေးကွက်အတွင်း ဒေသအတွင်းလူကြိုက်များသော ပေါ်ဆန်း၊ပေါ်ကျွဲဆန်ပိုမိုဝင်ရောက်ခဲ့ပြီး ဆန်အရောင်းအဝယ်ကောင်းမွန်ခဲ့ကြောင်း၊ မွန်ပြည်နယ် အတွင်း အခြေခံစားသောက်ကုန်များ လုံလောက်စွာ ထုတ်လုပ်နိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ရေထွက်ကုန်ပစ္စည်းများဖြစ် သည့် ငါး၊ ပုစွန် ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ရေချို၊ ရေငန် ငါးဖမ်းဆီးခြင်းလုပ်ငန်း၊ ငါး၊ပုစွန် မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသော ရေထွက် ကုန်ပစ္စည်းများကို ဒေသတွင်း စားသုံးခြင်း၊ ပိုလျှံထွက်ရှိသော ရေထွက်ကုန်ပစ္စည်းများကို အအေးခန်း စက်ရုံများတွင် အေးခဲ၍ ရန်ကုန်မြို့မှ တစ်ဆင့် ပြည်ပသို့ တင်ပို့ခြင်း၊ ရေထွက်ကုန်ပစ္စည်းများကို MSMEs လုပ်ငန်းများမှ ပြုပြင်ထုတ်ပို့ပြီး ပြည်တွင်းစားသုံးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ရာသီဥတုနှင့် ကိုက်ညီသော နေကြာသီးနှံအား ယခုနှစ်တွင် (၆၅၆၁)ဧက တိုးချဲ့စိုက်ပျိုးနိုင်ရန် စီစဉ်ထားရှိပြီး အခြားဆီထွက်မြေပဲ တိုးချဲ့စိုက်ပျိုးနိုင်ပြီး ပြည်နယ်အတွင်း ဆီဖူလုံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မွန်ပြည်နယ်ဟာ အသီးအနှံများ ပေါများတဲ့ပြည်နယ်ဖြစ်ရာ ဒါကိုလည်း ပိုမိုဈေးကွက်ဝင်ပြီး လူအများစားသုံးနိုင်တဲ့ စနစ်မျိုး ရောင်းချဖို့ လိုအပ်ပါကြောင်း မိရိုးဖလာ အတိုင်း စိုက်ပျိုးခြင်းမဟုတ်ဘဲ စနစ်ကျတဲ့ စိုက်ပျိုးနည်းစနစ်များ သုံးစွဲ ခြင်းအပြင် သဘာဝမြေဩဇာဖြစ်တဲ့ ရွှေဇီဝကိုလည် အိတ်ရေ (၁၀,၀၀၀)အထိ ထုတ်လုပ်ဖြန့်ဖြူးဖို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက ပံ့ပိုးသွားမှာဖြစ်ပါကြောင်း ၊ မွန်ပြည်နယ်အတွင်း ထွက်ရှိသော ဆန်၊ ငါး၊ ပုစွန်၊ ကြက်သား၊ ကြက်ဥများကို Supply and Demand မျှတအောင် သုံးစွဲရေး၊ ဈေးနှုန်း သင့်တင့်ရေး၊ လယ်ယာကဏ္ဍ၊ သား ငါးကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ မွန်ပြည်နယ်အတွင်း အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဒေသထွက် သဘာဝမြေသြဇာ(ရွှေဇီဝ) ထုတ်လုပ်ဖြန့်ဖြူး နိုင်မှုအပေါ် ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး၊ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

You may also like