Home ကျန်းမာရေး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား စုပေါင်း သွေးလှူဒါန်းပွဲသို့ တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား စုပေါင်း သွေးလှူဒါန်းပွဲသို့ တက်ရောက်

by Mon Editor

မော်လမြိုင်      ဇွန်      ၁၄

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံး ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ စေတနာ သွေးသန့်/ သွေးလှူရှင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့သည် ကမ္ဘာ့ကြက်ခြေနီ အဖွဲ့အစည်းကြီး နှစ်ရပ်ဖြစ်တဲ့ အိုင်စီအာစီနှင့် ဖက်ဒရေးရှင်းတို့က အတည်ပြု သတ်မှတ်တဲ့ “ကမ္ဘာ့သွေးလှူရှင် များနေ့” ပဲ ဖြစ်ပါကြောင်း ၊ သွေးလှူဒါန်းခြင်းဆိုတာ လှူနိုင်ခဲတဲ့ မွန်မြတ်တဲ့ ဒါနပြုခြင်း တစ်မျိုးဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း (၁၅၀) ကျော်လောက်က ဆိုဖာရီနို စစ်မြေပြင်ကနေ စတင် ပေါက်ဖွားလာခဲ့ကြတဲ့ ကြင်နာမှုနှင့် စာနာမှု ကရုဏာလမ်းကြောင်းအတိုင်း ဆက်လက် စီးဆင်း နေတဲ့ မေတ္တာ စိတ်ဓါတ် စွမ်းအားများပဲ ဖြစ်ကြောင်း၊ စေတနာသွေးလှူရှင်ဆိုတာ သွေး (သို့မဟုတ်) သွေးအစိတ် အပိုင်းများကို မိမိ၏ သဘောဆန္ဒ အလျောက်ပေးလှူသည့်အတွက် ငွေသားဖြစ်စေ၊ ငွေကြေးအစားထိုးဟု ယူဆနိုင်သော ပစ္စည်းဖြစ်စေ၊ တစ်စုံတစ်ရာ အခကြေးငွေဖြစ်စေ မရရှိသော သွေးလှူရှင်ကို ခေါ်ပါကြောင်း၊အသက်သည် သွေးဖြင့် ရှင်သန်နေသည် ဆိုသည့်အတိုင်း အသက်ရှင်သန်ဖို့ လိုအပ်နေတဲ့ ဒုက္ခကြုံတွေ့ ခံစားနေရတဲ့ ဝေဒနာရှင် များကို မိမိကိုယ်ခန္ဓာအတွင်းက တန်ဖိုးရှိလှတဲ့ သွေးများ ကိုထုတ်ပြီး လှူဒါန်းပေးလိုက်ခြင်းဟာ ကြီးမြတ်တဲ့ စေတနာ ဖြစ်ပါကြောင်း၊ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့မှာ မြန်မာ့ သွေးဘဏ် သမိုင်းသစ် အမျိုးသား သွေးလှူဘဏ် ဖြစ် မြောက်ရေး ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပြီး “သင့်သွေးဖြင့် အသက် ကယ်ပါ” စတဲ့ ဆောင်ပုဒ်များ ပျံလွင့်လာကာ သွေးလှူစနစ်ကို ပြောင်းလဲ စေခဲ့ပါကြောင်း မြန်မာနိုင်ငံသွေးဘဏ် အက်ဥပဒေကို ပြဌာန်း ပေးနိုင်ခဲ့တဲ့အတွက် လုပ်ငန်းများကျယ်ပြန့်လာစေခဲ့ပါကြောင်း၊  ကျန်းမာရေး လုပ်ငန်းများ တိုးတက် မြင့်မားလာအောင်ဆောင်ရွက်ရာမှာ နိုင်ငံ့ဝန်ထမ်းများ သာမက လူမှုရေးအဖွဲ့အစည်းများကပါ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ရမှာ ဖြစ်ပြီး၊ စေတနာအလျောက် သွေးလှူဒါန်းခြင်းဖြင့် မိမိကိုယ်ကို သူရဲကောင်း များလို့ ခံယူထိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်၍ မိမိရဲ့ သန့်စင်မွန်မြတ် တဲ့ သွေးသန့်ကို လိုအပ် နေတဲ့သူကို မွန်မြတ်စွာ (၄)လ တစ်ကြိမ် ပုံမှန် လှူဒါန်းပေးနေလို့ပဲ ဖြစ်ပါကြောင်း၊ မွန်မြတ်လှတဲ့ စေတနာသွေးလှူဒါန်းခြင်းလုပ်ငန်းကို ဂုဏ်ယူတန်ဖိုးထားပြီး မြတ်နိုးစွာနဲ့ ဆက်လက်ဆောင်ရွက် သွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များအား ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ပြီး၊ သွေးလှူရှင်များအား စည်းရုံးခြင်းနှင့် စုဆောင်းမှုအများဆုံး ကြက်ခြေနီတပ်ဖွဲ့ဝင်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံးကြီး သွေးလှူဘဏ်တွင် သွေးသန့်သွေးလှူရှင်များ သွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေး၍  အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

You may also like