
မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနီးနှောဖလယ်ပွဲ (၂၀၂၃)၊ (Myanmar Health Sciences Conference, MHSC 2023) အထိမ်းအကြိုလှုပ်ရှားမှု အနေဖြင့် မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်းများမှ မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မျက်စိအတွင်းတိမ်လူနာများ၊ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ လူနာများအား အခမဲ့ခွဲစိတ်ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၂၇ က်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိခဲ့ကြပြီး မျက်စိဆောင်၌ မျက်စိအတွင်းတိမ်ခွဲစိတ်မည့် လူနာများအား အခမဲ့စမ်းသပ်ခြင်း၊ အခမဲ့ခွဲစိတ်ကုသပေးခြင်း ဆောင်ရွက်ပေးနေမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မျက်စိဆောင်၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် မျက်စိအတွင်းတိမ်လူနာများအား ရင်းရင်းနှီးနှီး လိုက်လံ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည့် ဆေးဝါးများနှင့် အာဟာရ ဖြည့်စွက်စာများ၊ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းကမြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနီးနှောဖလယ်ပွဲ (၂၀၂၃)၊ (Myanmar Health Sciences Conference, MHSC 2023) အထိမ်းအမှတ်အကြို မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆောင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆောင်အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခံတွင်းခွဲစိတ်ဆောင်သို့ လှည့်လည်ကြည့်ရှုခဲ့ကြပြီး မေးရိုးနှင့် ခံတွင်းရောဂါဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေးခြင်း ဆောင်ရွက်ပေးနေမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့ကြကာ လိုအပ်သည့် ဆေးဝါးများနှင့် အာဟာရ ဖြည့်စွက်စာများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဲဒီမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး နှလုံးကြပ်မတ်ကုသဆောင် ဖွင့်ပွဲအခမ်းအနားတက်ရောက်၍ နှလုံးကြပ်မတ်ကုသဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆေးရုံအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။